MNP ၊ ဇူလိုင် ၄
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၇၁ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၈၆ ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကိုပြောကြားပြီး ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်း ရှိမရှိ စစ်ဆေးလက်ခံခဲ့သည်။ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို Test Kist ဖြင့် ရောဂါပိုး ရှိမရှိစစ်ဆေးခြင်း၊ ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းစသည့် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ရောဂါပိုးတွေ့ရှိသူများအား ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသည့်သူများအား မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment