ကွမ်းလုံမြို့၌ Biometric အချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ Biometric အချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်


MNP ၊   ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ Biometric အချက်အလက်များကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်နှင့် ဝန်ထမ်းများက စတင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရသည်။


အဆိုပါ Biometric အချက်အလက်များကောက်ယူရာ၌ ဦးတည်အုပ်စုများဖြစ်သည့် နိုင်ငံ့ဝန်ထမ်းနှင့် မှီခိုမိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ သာသနာ့ဝန်ထမ်းများကို ဇူလိုင်လ (၃) ရက်နေ့မှစတင်၍ စာရင်းကောက်ယူသွားမည်ဖြစ်ပြီး နေ့စဉ်တစ်ရက်လျှင် လူဦးရေအနည်းဆုံး(၇၀)ဦးကောက်ယူပြီးစီးရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွမ်းလုံမြို့နယ်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်နိုင်ငံဝန်ထမ်းနှင့် မှီခိုသူမိသားစုဝင်များကို Biometric စာရင်းအား ကောက်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


စိုင်းနိုင်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)