အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့် ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့် ပြိုင်ပွဲများ ကျင်းပ


MNP ၊ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပသည်။


အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး အကြောင်းတို့ကို အကျယ်တဝင့်ဟောပြောပေးခဲ့ရာ အ.မ.က မြို့မ-၁ ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြသည်။


ဆက်လက်ပြီး  (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ဖြစ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲများကို ကျင်းပရာ အ.မ.က မြို့မ-၁ ကျောင်းမှ ကျောင်သားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူလေးများကို မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ယင်းနောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ပြသထားရှိရာ အခမ်းအနား တက်ရောက်လာသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့သည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)