တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်






MNP ၊ ဇူလိုင် ၂၅      

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများအား ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဇူလိုင်လ (၂၄) ရက်နေ့ နေ့လယ် (၂)နာရီအချိန်က လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ​ပြိုင်ပွဲတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် ကကျောင်းသား/ ကျောင်းသူများအား တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွတ်လိုစိတ်ရှိစေရန်၊ဥာဏ်ရည် ဥာဏ်သွေးများ ထက်မြတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊ အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန်တို့ကိုရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း အလားတူပြိုင်ပွဲများကိုလည်း လစဥ်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


 ဆက်လက်၍ပြိုင်ပွဲများကျင်းပရာ အခြေခံပညာအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊စာဖတ်စွမ်းရည်​ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်း ပြိုင်ပွဲများကိုကျင်းပ​ခဲ့ပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူ များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။


 တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါပြိုင်ပွဲများကျင်းပပြုလုပ် ပေးနေသည့်အပြင် အပတ်စဥ်စာပေချစ်သူများနှင့်စာဖတ်ဝိုင်းများ၊ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများနှင့်ပြည်သူ့စာကြည့်တိုက်မှလည်း ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း အစီအစဥ်များကို အွန်လိုင်းမှတဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


ဦးကျော်သူရ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)