နောင်ချိုမြို့နယ်တွင် ဈေးကွက်အတွင်း၌ သက်ဆိုင်ရာဌာနမှ ထောက်ခံချက်မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ဈေးကွက်အတွင်း၌ သက်ဆိုင်ရာဌာနမှ ထောက်ခံချက်မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး


MNP ၊ ဇူလိုင် ၂၅      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွ်အတွင်း သက်ဆိုင်ရာဌာနမှ ထောက်ခံချက်မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် သက်ဆိုင်ရာဌာနမှ ထောက်ခံချက် မပါရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ရောင်းချမှုမရှိစေရေး အသိပညာပေး ပြောကြားခဲ့သည်။ ရောင်းချနေမှုအား တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိနေသည့် ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များသို့လည်း ဆက်လက် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)