MNP ၊ ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး များနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးများအား အဆုပ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသဲ ရောင်/အသားဝါ၊ ဦးနှောက်အမှေးပါးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ (၅)မျိုးစပ်၊ ပိုလီယိုသောက်ဆေး နှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိသည်။
ထိုနည်းတူစွာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ သတ်မှတ်စုရပ်နေရာများသတ်မှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန် ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment