နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး


MNP ၊   ဇူလိုင် ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့က ပန်ဟိုက်ရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်ရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊  ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး စသည့်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပြီး၊ ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ခြင်းကို လစဉ်လဆန်း (၁)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်နှင့် နမ္မတူရပ်ကွက်အတွင်းရှိ ကလေးငယ်များအားလည်းကောင်း၊ လဆန်း (၂)ရက်နေ့တွင် နမ္မတူမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ကလေးငယ်များအားလည်းကောင်း၊ ကျန်ရက်များတွင် ကျေးရွာအုပ်စုများသို့လည်းကောင်း ကွင်းဆင်း၍ တိုက်ကျွေးထိုးနှံ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။  


လူမော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)