စလင်းမြို့နယ်၌ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စုပေါင်းနှမ်းရောင်းချပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်၌ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စုပေါင်းနှမ်းရောင်းချပွဲ ကျင်းပ




MNP ၊   ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ တိုင်းတောင်သူဖွံဖြိုးရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သီးနှံစုံစုပေါင်းရောင်းချပွဲကို စလင်းမြို့ ပုထိုးဖြူရပ်ကွက် ရွှေမန်းဇာတ်ရုံကြီးအတွင်း၌ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စတင်ကာ စုပေါင်းသီးနှံစုံရောင်းချပွဲကို ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လူနေမှုဘဝဖွံဖြိုးတိုးတက်စေရန်နှင့် စျေးနှုန်းမှန်ကန်မှုရှိစွာ ရောင်းချနိုင်ရေးအတွက် မကွေးတိုင်းတောင်သူဖွံဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ဝယ်ယူဆောင်ရွက်ရာတွင် တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဟန်ညွှန့်၊ ဦးစိုးလွင်အေး၊ ဦးမြင့်ဆွေ၊ ဦးထွန်းထွန်းစိုးတို့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝယ်ယူလျက်ရှိရာ (A)အဆင့် နှမ်းနက်တစ်တင်းလျှင်(၁၁၅၅၀၀)ကျပ်၊ (B)အဆင့် နှမ်းအနက်တစ်တင်းလျှင်(၁၁၃၅၀၀)ကျပ်၊ (C)အဆင့်နှမ်း အနက်တစ်တင်းလျှင် ၁၁၁၅၀၀ ကျပ်တို့ဖြင့် ဝယ်ယူပြီး၊ တောင်သူဦးကြီးများမှ လိုက်နာရမည့် နှမ်းအရည်အသွေး စံသတ်မှတ်ချက်များဖြစ်သည့်၊ နှမ်းလုံးသားကောင်းမွန်ခြင်း၊ ဖုန်၊ သဲ၊ ခဲ၊ အဖျင်း၊ အမှော်၊ အစေ့ပုတ်၊ အရောင်ကွဲ၊ မျိုးကွဲနှင့် နှမ်းအဟောင်း ရောစပ်မှုကင်းရှင်းရေး၊ အနံမကောင်း မှိုစွဲသော နှမ်းများမပါဝင်စေရေး အစိုဓာတ်ပါဝင်မှု (၅)ရာခိုင်နှုန်းအောက်ရှိစေရေး၊ အက်စစ်ဓာတ်ပါဝင်မှု (၂)ရာခိုင်နှုန်းအောက်ရှိရန်နှင့် ဓာတ်မြေသြဇာအိတ်/ ကြက်စာအိတ်များနှင့် ထည့်ခြင်းမပြုလုပ်စေရေး၊ သန့်ရှင်းသောအိတ်များနှင့်သာ သယ်ယူဆောင်ရန်၊ နှမ်းများအား နေလှမ်းပြီး ပူနေတုန်းချက်ခြင်း အိတ်ထဲမထည့်ရန်နှင့် ဝယ်ယူသည့်အခါတွင်လဲ တိုက်ရိုက်၊ ရိတ်၊ စည်း၊ ထောင်း၊ ခါ၊ လှမ်းခြင်းကြောင့် အက်ဆစ်ပမာဏ(၀.၇)ရာခိုင်နှုန်းရှိပြီး အက်ဆစ်ဓာတ်ပမာဏ(၂) ရာခိုင်နှုန်းထက်ကျော်သော နှမ်းများကို ပို့ကုန်လုပ်ငန်းရှင်များက ဝယ်ယူမည်မဟုတ်ကြောင်း တိုင်းတောင်သူအဖွဲ့ဝင် ဦးထွန်းထွန်းစိုးမှ နှမ်းရောင်းချသူ တောင်သူများ သိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့သည်၊ စလင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့ရာအဖွင့်နေ့တွင် (၇၅၀၀၀)စျေးမှ၊ (၈၄၀၀၀)ကျပ်အထိ ဝယ်ယူခဲ့ရာ နှမ်းတင်းရေ (၃၀၀၀၀)ကျော် ဝယ်ယူပြီးစီးနိုင်ခဲ့ပြီး ယခုနှစ်တွင်နှမ်းနှင့် ပဲတီစိမ်းများကို စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူလျက်ရှိကြောင်း စုပေါင်းနှမ်းရောင်းချပွဲအဖွဲ့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ ဦးထွန်းထွန်းစိုးထံမှ သိရှိရစသည်။


မောင်လွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)