တာမွေမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိ






MNP ၊   ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ် ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ စျေးများနှင့်ကုန်စည် ပွဲရုံများဌာနမှ တာဝန်ရှိသူများက  တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ (၁၆၄)လမ်းတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် သား/ငါး စားသောက်ကုန်ပစ္စည်းများအား စျေးကားများဖြင့်(Mobile Market) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ဒေသခံပြည်သူများ လက်ဝယ်အရောက်  လိုက်လံရောင်းချပေးခဲ့ကြသည်။


အဆိုပါ တာမွေမြို့နယ်အတွင်း ( Mobile Market ) ဖွင့်လှစ်၍ ဆန်၊  ဆီနှင့် သား/ငါး စားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ ( Mobile Market ) ဖွင့်လှစ်၍ သက်သာသော စျေးနှုန်းများဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးရာတွင် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၂၃၀/-)နှုန်းဖြင့် အလုံးရေ(၂၁၀၀)ကိုလည်းကောင်း၊ ဘဲဥတစ်လုံး လျှင် ငွေကျပ်(၂၅၀/-)နှုန်းဖြင့် အလုံးရေ(၆၀)ကိုလည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၄၄၀၀/-) နှုန်းဖြင့် ဆီပိဿာချိန်(၁၂၀)ကိုလည်းကောင်း၊ ကြက်သား(၁)ပိဿာလျှင် ငွေကျပ် (၈၂၀၀/-)နှုန်းဖြင့် ပိဿာချိန် (၃)ပိဿာကိုလည်းကောင်း၊  ဝက်သား (၁)ပိဿာလျှင် ငွေကျပ် (၁၄၀၀၀/-)နှုန်းဖြင့် ပိဿာချိန် (၄)ပိဿာကိုလည်း ကောင်း၊ ဆိတ်သား(၁)ပိဿာလျှင် ငွေကျပ် (၂၂၀၀၀/-)နှုန်းဖြင့် ပိဿာချိန်(၉)ပိဿာကိုလည်းကောင်း၊ ငါးမျိုးစုံ (၁)ပိဿာလျှင် ငွေကျပ် (၄၀၀၀/-၊ ၅၀၀၀/-၊ ၅၅၀၀/-၊ ၆၀၀၀/-၊ ၉၅၀၀/-)နှုန်းဖြင့် အသီးသီးရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

" အခုလို ဆန်၊ ဆီ၊ ကြက်ဥတွေနဲ့ သား/ငါး စားသောက်ကုန်ပစ္စည်းတွေကို စျေးနှုန်းသက်သက်သာသာနဲ့ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးတာဟာ ကျွန်မတို့ ပြည်သူတွေအတွက် အချိန်ကုန်လည်းသက်သာသလို၊ ငွေကြေးကုန်ကျ စရိတ်လည်း သက်သာပါတယ်။ ဒါ့အပြင် ရောင်းချတဲ့ ပစ္စည်းတွေကလည်း သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သလို အများပြည်သူ လွတ်လပ်စွာ ဝယ်ယူနိုင်အောင် စီစဉ်ပေးတဲ့အတွက်လည်း ကျေးဇူး အထူးပင်တင်ရှိပါတယ်။ နောင်လည်း အခုလို အမြဲတမ်း လာရောက် ရောင်းချပေးစေချင်ပါတယ် " ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)