MNP ၊ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင်ကျောင်းသား / ကျောင်းသူ များအား အာဟာရဖွံ့ဖြိုးတိုးတက် စေရန် အတွက် အသိပညာပေး ဟောပြောခြင်းနှင့် နွားနို့တိုက် ကျွေးခြင်းများကို လစဉ် ဆောင် ရွက်လျက်ရှိရာ အမက (မြောက်ပိုင်း) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်း ကကျောင်းသား / ကျောင်းသူ များအား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များ၊ နွားနို့ သောက်သုံးခြင်းဖြင့် အရိုးအဆစ်များကို သန်မာ စေခြင်း၊ ဦးနှောက်ဉာဏ်ရည်များ ဖွံ့ဖြိုးမှုနှင့် ကိုယ်ကာယ ဖွံ့ဖြိုးမှုများ ရရှိစေခြင်း
စသည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းနှင့်ဝန်ထမ်းများက အဆိုပါ ကျောင်းရှိ ကျောင်းသား ၊ကျောင်းသူ( ၁၀၁) ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး တစ်လလျှင်ရွှေတောင်မြို့နယ်အတွင်းရှိအခြေခံပညာမူလတန်းကျောင်း( ၁၀) ကျောင်း ကို နို့ပိဿာချိန် ( ၁၅၀) ချိန်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment