MNP ၊ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၂၄ စင်တီမီတာလိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊တာဝန်ခံ ဒေါ်ခင်လှနုထွေးထံကသိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊၏ ယနေ့ နံနက် ၆ နာရီခွဲအချိန်တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၂၄ စင်တီမီတာလိုကြောင်း ယနေ့နံနက် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၁၉၉၄ စင်တီမီတာရှိနေကာ တဖြည်းဖြည်းတက်လာနေကြောင်း ဧရာဝတီမြစ်ရေစိုးရိမ် ရေမှတ်အခြေ အနေများအား ညောင်ဦးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံက သိရကာညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအားတစ်ရက် သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment