MNP ၊ ဇူလိုင် ၂၀
မိုင်းလုံမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဇူလိုင်(၁၈)ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဆောင်ရွက်သည်။
ရှေးဦးစွာ စာအုပ်ပြပွဲတွင် အာဇာနည်နေ့နှင့်သက်ဆိုင်သော စာပေများ၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ စာအုပ်စာစောင်များနှင့် အခြားသုတ/ရသ စာအုပ် စာပေများအား ခင်းကျင်းပြသထားရာ စာအုပ်ပြပွဲသို့လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ကျောင်းသားလူငယ်များ စာဖတ်ခြင်းအလေ့ထ ရှင်သန်ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ခြင်းကို လက်တွေ့အသုံးချခြင်းဖြင့် အတွေ့အကြုံနှင့် လေ့ကျင်မှုများရရှိစေရန်၊ စာဖတ်စွမ်းရည်များတိုးတက်မြင့်မားလာစေရန်၊ စာပေမှတစ်ဆင့် အသိပညာ ဗဟုသုတများ ရှာမှီးတတ်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြပွဲတို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့နှင့်သက်ဆိုင်သော နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ကြောင်း သိရသည်။
ဇော်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment