စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး



MNP ၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက် နေ့၊ နံနက်ပိုင်းတွင် လေရှီးမြို့နယ်၊ ရေတောင်ကျေးရွာရှိ လှေကားထစ်လယ်ယာစနစ်ဖြင့် ကွင်းအမှတ် - OSS 3၊ ဦးပိုင်အမှတ် - ၁၁၃ တွင် တောင်သူ ဦးယားပေါ့ စိုက်ပျိုးထားသည့် မိုးစပါးပန်းတိုင်အထက်ထွက်ရှိရေးစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်းဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟိုကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးနှင့် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း ဘုန်းတော်ကြီးစာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အဟာရကျွေးမွေးရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး ဆေးရုံအတွက် ဆေးပစ္စည်းများနှင့် ထောက်ပံ့ငွေများအားပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား အဟာရဖြည့်စွက် စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။  


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်း သား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံ ကြည့်ရှုအားပေးကာ သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)