MNP ၊ ဇူလိုင် ၁၂
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ ဖွဲ့စည်းထားသော NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ လက်ပါးစေ PDF, KIA, KNPP, KKO, KNLA, KNU အစရှိသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၈၉၃ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ချပြရှင်းလင်းခဲ့ပြီး ထိုအထဲတွင် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သံဃာတော် ၇၆ ပါး ပျံလွန်တော်မူခဲ့ရကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့နှင့် လက်ပါးစေ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သံဃာတော် ၂၅ပါး ပျံလွန်တော်မူခဲ့ရပြီး KIA/PDF အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ကနီမြို့နယ်၊ ပန်းဆိုင်းကျေးရွာရှိ ပန်းဆိုင်းကျောင်းတိုက်ဆရာတော် ဦးပညာသာမိ အား ၅-၅-၂၀၂၁ အဆိုပါကျေးရွာနေ NLD ဝန်းရံသူ စန်းမင်းနှင့် အဖွဲ့မှ သတင်းပေးဒလန်ဟုစွပ်စွဲ၍ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာ ဘက်သို့ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကြို့ပင်ကျေးရွာတောင်ဘက် ၂ မိုင်ခန့်အကွာ ကျောက်ရာ သစ်တောကြိုးဝိုင်းနေ ဦးကိုဦး နေအိမ်သို့ ရောက်ရှိသီတင်းသုံးနေ သည့် ဆရာတော် ဦးဉာဏိက(ပစ္ဆိမာရုံကျောင်းတိုက်၊ ပုလဲမြို့)အား ၁၅-၆-၂၀၂၁ အကြမ်းဖက်သမား ၁၅ ဦးခန့်မှ ဒလန်ဟုစွပ်စွဲ၍ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပင်းတင်း(တောင်)ကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလ သည် လှမြတ်မင်းအမြန်ရေယာဉ်ဖြင့် မုံရွာမြို့သို့ လိုက်ပါ လာစဉ် ၁၆-၆-၂၀၂၁ ရက်နေ့က ကနီမြို့နယ်၊ ကင်းချောင်းကျေးရွာအနီး၌ အကြမ်းဖက်သမားများက ဆရာတော်အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ပန်းတင်ကျေးရွာရှိ ခမောက်တောင်လမ်းဆုံ၌ ကောလင်းမြို့နယ်၊ နနွင်းတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မှ ဆရာတော် ဦးကုမာရ အား ၁၈-၇-၂၀၂၁ ရက်နေ့က PDF အဖွဲ့မှ သေနတ်ဖြင့် ၁ ချက်၊ ပစ်ခတ်ပြီး ဓားဖြင့် ၂ ချက်ထိုး၍ သတ်ဖြတ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကေဝိသရာမဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးကောဝံသ အား ၁၉-၈-၂၀၂၁ ရက်နေ့က PDF အကြမ်းဖက်ခေါင်းဆောင် ဂေါ်ရာ၊ လောင်းပြည့်ကျေးရွာ၊ မင်းကင်းမြို့နယ် နေသူ အပါအဝင် ၃၀ ဦးခန့်မှ ဒလန်ဟုစွပ်စွဲ၍ တူမီးသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဌောကျောင်းတိုက် ဆရာတော် ဦးကေလာသည် မုဌောကျေးရွာနေ ဦးခင်မောင်တင့်၊ ဦးချစ်ဝိုင်း၊ ဦးဂျစ်တူးတို့နှင့် အတူ မုံရွာပြည်သူ့ဆေးရုံမှ ဆေးကုသပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်း မော်တော်ယာဉ်ဖြင့် ပြန်လာခဲ့ရာ သင့်ဝင်ကျေးရွာအနီးသို့ ရောက်ရှိစဉ် ၆-၉-၂၀၂၁ ရက်နေ့က PDF အကြမ်းဖက်သောင်းကျန်းသူ ၁၅ ဦးခန့်မှ ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အလယ်ခုံကျေးရွာ၊ အလယ်ခုံဘုန်းကြီးကျောင်းမှ ဆရာတော် ဦးတေဇိန္တ သည် ကျောင်းတိုက်ရှိ ၎င်း၏အခန်းအတွင်း ၌ ကျိန်းနေစဉ် ၂၂-၉-၂၀၂၁ ရက်နေ့က NLD ပါတီထောက်ခံသည့် အကြမ်းဖက်သမား ၇ ဦး မှဝင်ရောက်လာပြီး ဆရာတော်အား ဓားဖြင့်ထိုးခဲ့ရာ ဘယ်ဘက် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ နယ်မြေ(၅)၊ အောင်ရတနာကျောင်းတိုက်မှ ဆရာတော် ဦးဉာဏမိန္ဒသည် နှစ်ကျိပ်ရှစ်ဆူ ဘုရားရင်ပြင်တော်၌ တရားထိုင်နေစဉ် ၂၁-၁၀-၂၀၂၁ ရက်နေ့က အကြမ်းဖက်လူတစ်စုမှ ဝင်ရောက်လာပြီး ဆရာတော်အား တပ်မတော်ထောက်ခံသူများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များမှ ကိုးကွယ်နေသည့်ဆရာတော်ဟု စွပ်စွဲပြောဆို၍ ဓားဖြင့်ဝိုင်းဝန်းခုတ်ခဲ့သဖြင့် ငယ်ထိပ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာနားရွက် နောက် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိခဲ့ကာနေရာ၌ပင် ပျံလွန်တော် မူခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကမ်းဗြူကျေးရွာရှိ ရွာဦးကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဦးသုမဏနှင့် အစ်မတော် ဒေါ်ခင်မာဆန်းတို့သည် မုံရွာမြို့သို့ တိမ်းရှောင်ရန် မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ၂-၁၁-၂၀၂၁ရက်နေ့တွင် က/သီးကုန်းကျေးရွာ၏မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အကြမ်းဖက်အဖွဲ့အင်အား ၁၀၀ ဦးခန့်မှ ဒလန်ဟုစွပ်စွဲ၍ တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စိတ်မနှံ့သူ ဦးပဇ္ဇင်း ဦးဒိန်းဒေါင်(စိစစ်ဆဲ)သည် မုံရွာမြို့အတွင်း စက်ဘီးဖြင့် လှည့်လည်သွားလာနေရာမှ ဒေါနခြံရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းဆုံမီးပွိုင့်အနီးအရောက်၌ ၁၄-၁၁-၂၀၂၁ ရက်နေ့က အကြမ်းဖက်သူ ၂ ဦး မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ ဘူးကိုင်းကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော် ဦးပဏ္ဏိတ (ဗိုလ်ကြီး ချမ်းမြေ့အောင်၊ စတသ-၄၉ ၏ဖခင်)အား ၁၉-၁၁-၂၀၂၁ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂုံညှင်းရှိုကျေးရွာအနီး ဒေါ်လှမိတောင်ရိုးပေါ်ရှိ တောရကျောင်း၌ တစ်ပါးတည်းသီတင်းသုံးလျက်ရှိသည့် ဆရာတော် ဦးအဂ္ဂဓမ္မ အား ၂၆-၁၂-၂၀၂၁ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့မှ တပ်သတင်းပေး၊ ဒလန်အဖြစ် စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရွာထောင်ကျေးရွာ၊ ရွာထောင်ရွာမကျောင်းတိုက်မှ ကိုရင်ကြီး ဦးဇဝန(ခ) ငြိမ်းချမ်း(စိတ်မနှံ့သူ)အား အကြမ်းဖက်သူ စိစစ်ဆဲ ၁ ဦးမှ ၁၆-၁-၂၀၂၂ရက်နေ့က မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ စိန်ပန်းနီလမ်းတွင် ရိုက်နှက်ခဲ့ရာ ယာနားအောက်ညိုမဲဒဏ်ရာ ၁ ချက်၊ နား/နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအနီးရှိ ပန်းကုန်းသာတောရကျောင်း ၌ တစ်ပါးတည်းသီတင်းသုံးလျက်ရှိသော ဆရာတော် ဦးပဏ္ဍိစ္စ အား ၁၇-၁-၂၀၂၂ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့မှ ဒလန်ဟုစွပ်စွဲ၍ ဇင်းကျေးရွာနေ ဦးပွဲသောင် ၏ လယ်ကွင်းအတွင်း၌ မီးရှို့သတ်ဖြတ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကျွန်းတောကျေးရွာရှိ ရတနာသိပ္ပံကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးနေယျ(သက်တော် ၆၄ နှစ်၊ ဝါတော် ၄၄ ဝါ)သည် ကျွန်းတော ကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံ ခန့်အကွာ၌ ၎င်းပိုင်သည့် ငှက်ပျောခြံအတွင်း ရေတွင်းတူးရန် အတွက် မြေနေရာသွားရောက်ကြည့်ရှု့စဉ် ၆-၂-၂၀၂၂ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) ၆ ဦးခန့်မှ ဆရာတော်၏ နောက်ကျောနှင့် လည်ပင်း တို့အား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာ၊ မင်းရွာမြောက်ကျောင်းတိုက်မှ ဦးစိန်မောင်း(ခ)ကိုရင်ကြီး(သက်တော် ၅၈ နှစ်၊ ဝါတော် ၈ ဝါ)သည် နှောကုန်းကျေးရွာအနီး နှောကုန်း-ဇဝကျေးရွာသွားလမ်းရှိ ရေဦး မြောင်းမတော် ရေပေးဝေသည့် မြောင်းဘေးတွင် ၁၆-၂-၂၀၂၂ ရက်နေ့က PDF အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ)အဖွဲ့မှ ကျောင်းတိုက်သို့ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲ ကာ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ အကြမ်းဖက်သမား(စိစစ်ဆဲ) ၁၀ ဦးခန့် သည် ၁၃-၄-၂၀၂၂ ရက်နေ့က ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဦးပညာသာရအား ဆွမ်းချက်ဆောင်ဘက်သို့ ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့၊ သိမ်ချောင်းရပ်ရှိ ရန်ကင်း စန္ဒာရုံကျောင်းတိုက်မှ အရှင်ဓမ္မနန္ဒ၊ အရှင်သောနန္ဒနှင့် အရှင်ပညာနန္ဒ တို့ ၃ ပါးသည် ဆွမ်းခံကြွ၍ ပြန်လာစဉ် ရွာဝေးရပ်ကွက်၊ စစ်ကိုင်း-ရွှေဘိုကားလမ်း၊ မိုင်တိုင်အမှတ်၊ ၄၁/၂နှင့် ၄၁/၃ ကြားအရောက်တွင် လမ်းဘေး၌ ၂၁-၄-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအားတွေ့ရှိ၍ ကြည့်ရှုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အရှင်ဓမ္မနန္ဒ တွင် လည်ပင်းမှဦးခေါင်းသို့ ဖောက်ဝင်ဒဏ်ရာ၊ ယာပေါင် အတွင်းဘက် ပေါက်ပြဲဒဏ်ရာဖြင့်လည်းကောင်း၊ အရှင်သောနန္ဒတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ယာပေါင်အတွင်း ပေါက်ပြဲဒဏ်ရာ တို့ရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာရှိ ရွာဦးကျောင်းသို့ PDF အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၅ ဦးခန့်သည် ၅-၅-၂၀၂၂ ရက်နေ့က မော်တော်ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ကျောင်းထိုင် ဆရာတော် ဦးဓမ္မပီယအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဆရာတော်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပျံလွန် တော်မူခဲ့ကြောင်းနှင့် ရုပ်အလောင်းအား PDF အကြမ်းဖက်အဖွဲ့မှ ချင်းတွင်းမြစ်အတွင်းသို့ မျှောခဲ့ကြောင်း၊ ၎င်းနောက် မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာရှိ ချင်းတွင်းမြစ်ဆိပ်ကမ်း၌ ဆရာတော်၏ ရုပ်အလောင်း ပေါ်လာသဖြင့် လူမှုကူညီရေးအသင်းမှ ဆယ်ယူ၍ မော်လိုက်မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကိုကိုဦး အပါအဝင် ၉ ဦး၊ ပုလဲမြို့မ ရဲစခန်းမှ ဒုရဲမှူး သန်းဇော် အပါအဝင် ၃၀ ဦးအခြေပြုလျက်ရှိသည့် ပုလဲမြို့မရဲစခန်း၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှ PDF အကြမ်းဖက် အဖွဲ့ခေါင်းဆောင်/ အင်အား (စိစစ်ဆဲ)အဖွဲ့မှ ၁၃-၅-၂၀၂၂ ရက်နေ့က လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ခဲ့ရာ ရဲစခန်း၏ မြောက်ဘက်မီတာ ၄၀၀ ခန့်အကွာရှိ မြသိန်းတန် ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ဦးတေဇနိယ တွင် ညာဒူးပြတ်၊ ညာလက် ပြတ်ဒဏ်ရာ(စိုးရိမ်ရ)၊ ကိုရင် ကေသရ တွင် ဝမ်းဗိုက်ဗုံးစဖောက်ထွက် ဒဏ်ရာ၊ ယာခြေပြတ်ဒဏ်ရာ(စိုးရိမ်ရ)၊ ကိုရင် ဝလာတွင် ဦးခေါင်း ဗုံးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ ကိုရင် ဝေပုလတွင် ဝဲရင်ဘတ်ဗုံးစ ဖောက်ဝင်ဒဏ်ရာ၊ ယာခြေထောက် ပေါက်ပြဲဒဏ်ရာ (ပျံလွန်တော်မူ) နှင့် ကပ္ပိယဖြစ်သူ ကောင်းသန့်ထွန်းတွင် ဘယ်/ညာ ခြေထောက် ဗုံးစထိမှန်ဒဏ်ရာ ၄ ချက်၊ ဘယ်/ညာပေါင် ဗုံးစထိမှန်ဒဏ်ရာ ၂ ချက် (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် အမှတ်(၄)တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစဉ် ကျောင်းထိုင် ဆရာတော် ဦးတေဇနိယ၊ ကိုရင်ကေသရနှင့် ကိုရင်ဝလာတို့မှာ ပျံလွန်တော်မူခဲ့ကြောင်းနှင့် ကောင်းသန့်ထွန်းမှာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း သိရှိရပါသည်။
ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာနှင့် နန်းစရိတ်ကျေးရွာ ကြားရှိ လယ်တောအတွင်း မသင်္ကာဖွယ်ရာ မြေစာပုံ ၁ ခုအား ဒေသခံများမှ တွေ့ရှိခဲ့သဖြင့် ၆-၉-၂၀၂၂ ရက်နေ့က တူးဖော်ကြည့်ခဲ့ရာ နောင်ပတ်ကျေးရွာ ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော် ဦးဂန္ဓမာ (သက်တော် ၄၉ နှစ်၊ ဝါတော် ၂၉ ဝါ)၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ဩဂုတ်လ ၃၁ ရက်တွင် အကြမ်းဖက် PDF အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၄၀ ဦးခန့်သည် လက်လုပ်သေနတ်များ ကိုင်ဆောင်၍ နောင်ပတ်ကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ညအိပ်မည်ဖြစ်သည်ဟု ပြောဆိုခဲ့ရာ ဆရာတော် ဦးဂန္ဓမာ က စက်တင်ဘာလ ၁ ရက်သည် ဥပုသ်နေ့ဖြစ်သဖြင့် ဥပုသ်စောင့်မည့် သူများ လာရောက်မည်ဖြစ်သောကြောင့် ညအိပ်၍မရဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါ ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ဆရာတော်နှင့် အကြမ်းဖက် PDF အဖွဲ့ခေါင်းဆောင်(စိစစ်ဆဲ)တို့ အချေအတင် စကားများခဲ့ကြောင်း၊ စက်တင်ဘာလ ၅ ရက်တွင် အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦးခန့်သည် နောင်ပတ်ကျေးရွာဘုန်းကြီးကျောင်း သို့ ရောက်ရှိလာခဲ့ပြီး ဆရာတော် ဦးဂန္ဓမာ အား စကားပြောရန် ရှိသည်ဟုပြောဆို၍ နန်းစရိတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ၎င်းနောက် ဆရာတော်အား နောင်ပတ်ကျေးရွာ နှင့် နန်းစရိတ်ကျေးရွာကြားရှိ လယ်တောအတွင်း၌ သတ်ဖြတ်၍ မြေမြှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဆားတောင်မြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းတော်ကြီး ကျောင်းမှ ခန်းနေဆရာတော် ဦးကောဏ္ဍည သည် ဆားတောင် မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံကြွရန်အတွက် Hijet (အဖြူရောင်) ယာဉ်အား ကိုယ်တိုင်မောင်းနှင်ထွက်ခွာစဉ် ၁၃-၁၀-၂၀၂၂ ရက်နေ့က ကျောင်းရှေ့အရောက်၌ အကြမ်းဖက် PDF အဖွဲ့ ၁၅ ဦးခန့်မှ တပ်/ရဲ သတင်းပေးဟု စွပ်စွဲကာ သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာမျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်းပြတ်၍ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာရှိ အုဋ်တိုက်ကျောင်းတိုက်၌ သီတင်းသုံး လျက်ရှိသော ခန်းနေဆရာတော် ဦးဉာဏောသည် ဦးသောဘန နှင့်အတူ ၂ ပါးတည်းရှိနေစဉ် ၂၆-၁၀-၂၀၂၂ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၁၅ ဦးခန့် ရောက်ရှိလာခဲ့ပြီး ဦးဉာဏော အား ဓားဖြင့် ထိုးသတ်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာတွင် ပျံလွန် တော်မူခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသောဘန သည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခြင်းမရှိဘဲ ဦးဉာဏော ၏ ရုပ်အလောင်းအား ကျောင်း တိုက်ဝန်းအတွင်း၌ ညတွင်းချင်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာ PDF အကြမ်းဖက်(စိစစ်ဆဲ)အဖွဲ့မှ ၅ ဦး သည် ၆-၁-၂၀၂၃ ရက်နေ့က လက်လုပ်သေနတ် များကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျောင်းတိုက်၌ သီတင်းသုံး လျက်ရှိသော ဦးဂန္ဒာသာရ (၄၀ နှစ်၊ ၂၂ ဝါ)အား တပ်မတော်၏ သတင်းပေးဒလန်ဟု စွပ်စွဲ၍ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဆရာတော် ဦးဂန္ဒာသာရတွင် ဝဲပါးကျည်ဖောက်ဝင် ဒဏ်ရာ၊ လည်ပင်းကျည် ဖောက်ဝင်ဒဏ်ရာ၊ ဝဲမေးအောက်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီးကျေးရွာရှိ ရွှေမုဋ္ဌောဘုရားအနီး တစ်ပါးစံကျောင်း၌ သီတင်းသုံးလျက်ရှိသော ဆရာတော် ဦးစက္ကပါလ (သက်တော် ၅၂ နှစ်၊ ဝါတော် ၃၂ ဝါ၊ အိုင်ပေါင်းချောင်ကျေးရွာ၊ ဘုတလင်မြို့နယ်)သည် ၂၆-၆-၂၀၂၃ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့မှ ထောင်ထားသော လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဆရာတော်တွင် ဝဲ/ယာခြေထောက်၊ ဝဲ/ယာလက်မောင်း၊ ဝမ်းဗိုက်တို့အား မိုင်းစ ထိမှန်ဒဏ်ရာများဖြင့် နေရာတွင် ပျံလွန်တော်မူခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သံဃာတော် ၂ပါး ပျံလွန်တော်မူခဲ့ရသည်။
သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာဝတရားရိပ်သာမှ ဆရာတော် ဦးဇန အပါအဝင် သံဃာ ၃ ပါး၊ သီလရှင် ၆ ပါး၊ လူပုဂ္ဂိုလ် ၁၁ ဦးတို့သည် မြိတ်မြို့သို့ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာလာစဉ် ၁၄-၁၁-၂၀၂၂ ရက်နေ့က ပုလောမြို့နယ်၊ ကတဲကျေးရွာ အနီးတွင် အကြမ်းဖက် PDF တပ်ရင်း(၁)မှ ကျော်ထင်အောင် ဦးစီး အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ဆရာတော် ဦးဇန ပျံလွန်တော်မူခဲ့ပြီး လူပုဂ္ဂိုလ် ၃ ဦးဒဏ်ရာရရှိခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်ကျေးရွာသို့ မော်တော်ယာဉ် ဖြင့် ဘုရားဖူးရာမှ ပြန်လာစဉ် ၆-၂-၂၀၂၃ ရက်နေ့က ရေး-ထားဝယ်ကားလမ်း ရေဖြူမြို့နယ်၊ နှမ်းကျဲကျေးရွာအရောက်တွင် အကြမ်းဖက် PDF (စိစစ်ဆဲ) အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်ကျေးရွာ၊ သာသနာ့ရက္ခိတဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥက္ကဋ္ဌ၊ ၅၉ နှစ်၊ ၂၅ ဝါ၊ သည် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးတွင် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သံဃာတော် ၃ပါး ပျံလွန်တော်မူခဲ့ရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဗောဓိကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းရှေ့ တောင်ဘက်၌ ဆရာတော် ဦးပညိန္ဒ(သက်တော် ၅၈ နှစ်၊ဝါတော် ၅ ဝါ)အား ၁၅-၈-၂၀၂၁ ရက်နေ့က အကြမ်းဖက်သမား(စိစစ်ဆဲ)မှ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက်ကျေးရွာနှင့် လက်ပံခုန်ကျေးရွာ ရွာချင်းဆက်လမ်း၌ လက်ပံခုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ၊ ၅၆ နှစ်၊ ၃၆ ဝါအား ၂၂-၆-၂၀၂၃ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ) ၃ ဦးမှ လက်နက်ငယ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ဆရာတော်သည် လက်နက်ငယ်ကျည် ရင်ဘတ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်း ကျေးရွာအုပ်စု၊ စဉ့်အိုးလှကျေးရွာရှိ ဘုန်းကြီးကျောင်း၌ သီတင်းသုံးလျက်ရှိသော ခန်းနေဆရာတော် ဦးသုဇာတ အား ၁၀-၇-၂၀၂၃ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆရာတော် ဦးသုဇာတတွင် ဝဲလည်ပင်းဖောက်ဝင်ဒဏ်ရာ၊ ယာပါးဖောက်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီးတွင် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သံဃာတော် ၁၄ပါး ပျံလွန်တော်မူခဲ့ရသည်။
မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအုပ်စု၊ တည်ပင်စုကျေးရွာရှိဓမ္မသုခ အောင်မြေရတနာကျောင်း ကျောင်းထိုင် ဆရာတော် ဦးသုဇာတ အား ၂၀-၁၂-၂၀၂၁ ရက်နေ့က အကြမ်းဖက်သမား ၁၀ ဦးခန့်မှ ဓားဖြင့် ခုတ်သတ်ခဲ့ရာ ပျံလွန်တော်မူခဲ့ပါသည်။
မြိုင်မြို့နယ်၊ ရွာကုန်းကျေးရွာ၊ မဟာနန္ဒီ မကျည်းတောကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဦးခေမာသာရ(၄၈ နှစ်၊ ၂၀ ဝါ)၊ ဖခင်ဖြစ်သူ ဦးလှပြူး(၆၈)နှစ် တို့ ၂ ဦးအား ၇-၁-၂၀၂၂ ရက်နေ့က အကြမ်းဖက်(စိစစ်ဆဲ) ၂၀ ဦးခန့်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။
မြိုင်မြို့နယ်၊ ကွမ်းတောကျေးရွာ၊ မင်္ဂလာသီရိကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒိမာ(သက်တော် ၃၉ နှစ်၊ ဝါတော် ၁၉ ဝါ)သည် ဂွေးပင်လယ် ကျေးရွာအုပ်စု၊ ငါးပဲ့ကျေးရွာအနီး ပုသိမ်-မုံရွာ သွားကားလမ်းတွင် ၇-၂-၂၀၂၂ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)အဖွဲ့မှ မော်တော်ယာဉ်အား မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် ပျံလွန်တော်မူခဲ့ပါသည်။
ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာ၊ မဟာဝိသုတာရာမပညာဒီပကျောင်းတိုက် မှ ဆရာတော် ဦးသံဝရ အား ၂၄-၃-၂၀၂၂ ရက်နေ့က အကြမ်းဖက်အဖွဲ့ ၁၅ ဦးခန့်မှ ဒလန်ဟု စွပ်စွဲ၍ကျောင်းဝန်းအတွင်းရှိ မြေကွက်လပ်ပေါ်တွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာမျက်စိကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်ယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။
မြိုင်မြို့နယ်၊ ဝါးရင်းချိုင်ကျေးရွာရှိ သီရိမင်္ဂလာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးကုသလ အား ၂-၄-၂၀၂၂ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့ဝင် များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ မြေကျင်းအတွင်းမြုပ်နှံ ထားခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာရှိ ရွာလယ်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးကုဏ္ဍလ သည် ကျောင်း၌ရှိနေစဉ် ၂၂-၄-၂၀၂၂ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့ဝင် ၇ ဦးခန့်ရောက်ရှိလာပြီး ကျေးရွာအဝင်လမ်းမပေါ်သို့ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာရှိ ပစ္ဆိမာရုံကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးကောဝိဒ သည် ကျောင်းတိုက်၌ သီတင်းသုံးနေစဉ် ၁၁-၅-၂၀၂၂ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၁၀ ဦးခန့်သည် မော်တော်ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဦးကောဝိဒ အား ဌာနဆိုင်ရာများနှင့် ရင်းနှီးသူဖြစ်သောကြောင့် ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝဲမျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သင်ပေါင်းကန်ကျေးရွာရှိ ဃောသိတာရာမမြတ်နိုးကျောင်းတိုက်မှ ခန်းနေဆရာတော် ဦးသုမန၊ ဦးအောင်ဝင်း၊ ဦးစိုး၊ ဦးတာတီး တို့ ၄ ဦးအား ၁၁-၅-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများမှ ဓားဖြတ်သတ် ဖြတ်ခဲ့သဖြင့် ဦးခေါင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။
မကွေတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇယမကျေးရွာရှိ မြောက်ကျောင်းတိုက်သို့ ၂၇-၅-၂၀၂၂ ရက်နေ့က အကြမ်းဖက် သမား ၃၀ ဦးခန့်သည် လက်လုပ်သေနတ်များကိုင်ဆောင်၍ ရောက်ရှိ လာခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးသောမာလောက အား ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းဂျိုစောင်းဖောက်ဝင်ဒဏ်ရာ၊ ယာဘက် မျက်စိနှင့် နှာခေါင်းဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ များဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
ပေါက်မြို့နယ်၊ ဒေါသာကျေးရွာရှိ သာသနာ့ဝံသကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသော ဆရာတော် ဦးပဝရ သည် ပေါက်မြို့၊ သီးချောက်ကျေးရွာမှ ဒေါသာကျေးရွာအထိ ပခုက္ကူမြို့ဆည်မြောင်း ဦးစီးဌာနမှ ရေမြောင်းအား ပြုပြင်ရန်ဆောင်ရွက်နေသည့် ဘတ်ဟိုး မြေထိုးယာဉ်အား ၃-၇-၂၀၂၂ ရက်နေ့က အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ၁၅ ဦးခန့်မှ မီးရှို့ဖျက်ဆီး ခဲ့သည့်ဖြစ်စဉ်အား ကြားသိရသဖြင့် ဆရာတော် ဦးပဝရသည် ဆိုင်ကယ်ဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တစ်ပါးတည်း သွားရောက် ခဲ့စဉ် အကြမ်းဖက်အဖွဲ့မှ ဒလန်ဟု စွပ်စွဲ၍ လယ်လန်းကျေးရွာ၊ ယောချောင်းအနီးတွင် ဆရာတော်အား အရပ်ဝတ်ဝတ်ဆင်ပေး၍ လည်ပင်းအား ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတိုက်မှ ဆရာတော် ဦးကုသလ အား ၃၀-၇-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများမှ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နဖူးတွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိ၍ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ အောင်မေတ္တာပစ္ဆိမာရုံဘုန်းကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသသည် ကျောင်းတိုက်၌ နေထိုင်နေစဉ် ၁၄-၉-၂၀၂၂ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့ ၂၀ ဦးခန့်မှ
ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ မဟာဝိသုတာရာမ (အလယ်တိုက်) ရှိ သာသနာ့ဝံသကျောင်းဆောင်တွင် သီတင်းသုံးလျက်ရှိသော ဆရာတော် ဦးပညာဇောတ၊ ဦးနန္ဒာစရိယ၊ ဦးဣန္ဒြာစရိယ၊ ဦးဝိစာရ တို့ ၄ ပါးသည် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဦးပညာဇောတ ၏နေအိမ်သို့ အလည်သွားရောက်ရန် ယာဉ်အမှတ်၊ MDY-RLG-1472 NISSAN X-Trail(အနက်ရောင်)သည် ကျောင်းတိုက်မှ ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းအတိုင်းမောင်းနှင်လာစဉ် ၁၆-၁၀-၂၀၂၂ ရက်နေ့က ညောင်လှ ကျေးရွာအဝင် မီတာ ၅၀ ခန့်အကွာ အရောက်၌ လမ်း၏ယာဘက် ၅ ပေခန့်အကွာမှ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဆရာတော် ဦးပညာဇောတတွင် ဝဲပခုံးမိုင်းစထိမှန်ဒဏ်ရာ၊ ယာပေါင်မိုင်းစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)၊ ဦးနန္ဒာစရိယတွင် ဦးခေါင်းဝဲဘက်ခြမ်း မိုင်းစ ထိမှန်ဒဏ်ရာ၊ ယာပခုံးမိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးဣန္ဒြာစရိယ တွင် ယာပခုံး/ယာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲလက်ဖမိုး မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးဝိစာရတွင် ထိခိုက် ဒဏ်ရာရရှိမှု မရှိတို့ရရှိခဲ့သဖြင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ဆေးရုံ ရောက်ရှိ ၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ဆရာတော် ဦးနန္ဒာစရိယ မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
ရေစကြိုမြို့နယ်၊ စည်သာကျေးရွာရှိ မေတ္တာရှင်လူမှုကူညီရေးအသင်း၌ တစ်ပါးတည်းသီတင်းသုံးလျက်ရှိသော ဆရာတော် ဦးအာစရ သည် ကျောင်းတိုက်၌ ရှိနေစဉ် ၁၀-၁၁-၂၀၂၂ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ) ၄ ဦး သည် မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး လက်လုပ်သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဆရတော် ဦးအာစရတွင် ဝဲဘက် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားထင်ကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက် တို့ရရှိခဲ့ပြီး နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သံဃာတော် ၁၁ပါး ပျံလွန်တော်မူခဲ့ရသည်။
မိတ္ထီလာမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသုမန သည် ကျောင်းတိုက်တွင် ဆွမ်း ဘုန်းပေးနေစဉ် ၁၁-၁၁-၂၀၂၁ ရက်နေ့က (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိ၍ နေရာတွင် ပျံလွန်တော်မူခဲ့ပါသည်။
စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတ အား ၁၀-၃-၂၀၂၂ ရက်နေ့က အကြမ်းဖက်သူများမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။
သပိတ်ကျင်းမြို့နယ်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း ကြာညှပ်ကျေးရွာအုပ်စု ခရမ်းစပ်ကုန်းကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ ကျောင်းဆောက်၍ တစ်ပါးတည်းသီတင်းသုံးနေထိုင်သော ဆရာတော် ဦးဇင်သုန်း အား ၂၁-၃-၂၀၂၂ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့မှ သတင်းပေးဟုသတ်မှတ်၍ ဓားဖြင့် ခုတ်သတ် သွားခဲ့သဖြင့် ဝဲ/ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ရင်ဘတ်ထိုးသွင်း ဒဏ်ရာနှင့် ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ကျေးရွာရှိ ယုန်ထောင်တောရ ဘုန်းကြီးကျောင်းအား ၂၆-၃-၂၀၂၂ ရက်နေ့က အကြမ်းဖက်(စိစစ်ဆဲ) ကျား ၅ ဦးမှ မီးရှို့ခဲ့သဖြင့် ဆရာတော် ဦးတေဇနိယနှင့် ကပ္ပိယ ဦးဘိုနီတို့ မီးလောင်သေဆုံး ခဲ့ပါသည်။
စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာ တောင်ခြေ ရှိ ရေယဉ်မဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဥက္ကဋ္ဌ နှင့် ဆွမ်းချက်နေသည့် မောင်နှမဝမ်းကွဲဖြစ်သူ ဒေါ်အေးခန့် တို့ ၂ ဦးအား ၂၇-၃-၂၀၂၂ ရက်နေ့က အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ၂ ဦးမှ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ပါသည်။
မတ္တရာမြို့နယ်၊ ကင်းရွာကျေးရွာရှိ လွင်ဦးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးသုစရိတ အား ၃-၄-၂၀၂၂ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဆရာတော်၏ ဝမ်းဗိုက်အား ဓားဖြင့် ထိုး၍ သတ်ဖြတ်ခဲ့ပါသည်။
မြစ်သားမြို့နယ်၊ တဲကြီးကျေးရွာရှိ စိတ္တသုခကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးကုသလ သည် ကျောင်းတိုက်၌ သီတင်းသုံး နေစဉ် ၁၂-၇-၂၀၂၂ ရက်နေ့က အကြမ်းဖက်(စိစစ်ဆဲ) ကျား ၂ ဦးသည် မော်တော်ဆိုင်ကယ် ၂ စီး ဖြင့် ရောက်ရှိလာခဲ့ပြီး ဆရာတော်အား လျှောက်တင်စရာရှိ၍ တွေ့ခွင့် ပြုပါဟု ပြောဆိုခဲ့သဖြင့် ဆရာတော် မှ လက်ခံတွေ့ဆုံနေစဉ် အကြမ်းဖက်သူ ၁ ဦးမှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ပါသည်။
မြစ်သားမြို့နယ်၊ မြို့တွင်းကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မ သည် ၁၃-၉-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ကျောင်းတိုက်၌ လည်ဂုတ်ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ပျံလွန် တော်မူခဲ့ကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာနေ ဦးစိန်မောင်၏ လယ်ကွင်းအတွင်း၌ ကိုးပင်ကျေးရွာတောရကျောင်းတွင် တစ်ပါးတည်းသီတင်းသုံးလျက်ရှိသော ဆရာတော် ဦးပညာစရ (သက်တော် ၆၀ နှစ်၊ ဝါတော် ၆ ဝါ)သည် ၁၄-၆-၂၀၂၃ ရက်နေ့က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် နဖူးကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ယာရင်အုံကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် ပျံလွန်တော်မူနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆရာတော်၏ ရုပ်အလောင်းအား ကြာညှပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာ အဝင်၌ တောင်သာမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရေဝန်းဘုန်းကြီး ကျောင်းမှ ဆရာတော် ဦးဇောတိက(သက်တော် ၅၁ နှစ်၊ ဝါတော် ၉ ဝါ)သည် ၁၇-၆-၂၀၂၃ ရက်နေ့က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ယာပါးပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာဦးခေါင်းကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် ပျံလွန်တော်မူနေ သည်ကိုတွေ့ရှိရသဖြင့် ဆရာတော်၏ ရုပ်အလောင်းအား တောင်သာ မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာရှိ စိတ္တသုခဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးပညာသာမိ(၄၅ နှစ်၊ ၂၅ ဝါ)သည် ကျောင်းတိုက်၌ သီတင်းသုံးနေစဉ် ၁၁-၇-၂၀၂၃ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့ဝင် ၅ ဦး(စိစစ်ဆဲ)သည် မော်တော်ဆိုင်ကယ် ၄ စီး ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ယာမျက်လုံးမှ ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် သံဃာတော် (၂)ပါး အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့ရသည်။
လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၂၄/၁) လမ်းဘေးရှိ ဝါးကျောင်း(ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း)၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်လျက်ရှိသည့် ဆရာတော် ဦးဝိစိတ္တ (ခ) ဖိုးတုတ် သည် ၂၂-၅-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် လည်ပင်းဝဲဘက်ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ပျံလွန်တော်မူ ခဲ့ကြောင်း သိရှိရပါသည်။
တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ ကျွဲသလင်းကျေးရွာရှိ တောင်ပေါ်ဘုန်းကြီးကျောင်းတွင် တစ်ပါးတည်းသီတင်းသုံးနေထိုင် သည့် ဆရာတော် ဦးနန္ဒသာရသည် ၂-၉-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် မျက်နှာညိုမဲဖူးရောင်ဒဏ်ရာနှင့် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အင်ဒူးကျေးရွာရှိ သာသနဇောတိကကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးအိန္ဒြိယ(သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါ)သည် ၂၀-၇-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် မျက်နှာနှင့်ခန္ဓာကိုယ်၌ ရိုက်နှက်ဒဏ်ရာများ၊ ဦးခေါင်း ငယ်ထိပ်ပြတ်ရှဒဏ်ရာ ၂ ချက်၊ ဝဲပါးပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်တွင် သံဃာတော် (၃)ပါး အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့ရသည်။
မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်ရှိ “ထူးထိုက်စံ” လက်ဘက်ရည်ဆိုင်အတွင်းသို့ ၇-၁၁-၂၀၂၁ ရက်နေ့က အကြမ်းဖက်သူများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဟိုပင်မြို့၊ နန့်ရင်းကျေးရွာရှိ နန့်ရင်းကျောင်းတိုက်မှ ဆရာတော် ဦးသုဇာတ သည် သေနတ်ဒဏ်ရာများဖြင့် ပျံလွန် တော်မူခဲ့ပါသည်။
မိုးကောင်းမြို့နယ်၊ လေးမိုင်ကျေးရွာ၊ သဒ္ဓမ္မပါလကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးသီလနန္ဒ သည် ကျောင်းဆောင်အောက်ထပ် တွင် ကျေးရွာမှ ဒါယကာ/ဒါယိကာမ ၅ ဦးတို့ဖြင့် တန်ဆောင်မုန်း လတွင် ပဋ္ဌာန်းပွဲပြုလုပ်ရန် ဆွေးနွေးနေစဉ် ၁၆-၁၀-၂၀၂၂ ရက်နေ့က KIA/PDF အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ) ၇ ဦးခန့်သည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိ လာပြီး အကြမ်းဖက်သမား ၂ ဦးမှ ဆရာတော်အား လက်နက်ငယ် ဖြင့် ၁၀ ချက်ခန့်ပစ်ခတ်ခဲ့ရာ ယာနံဘေးကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာလက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲနောက်ခါးစပ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာခါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိ၍ နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရပါသည်။
မိုးမောက်မြို့နယ်၊ မြို့သစ်မြို့ရှိ Micro Wave တာဝါတိုင်လုံခြုံရေး စခန်းအား ၃-၅-၂၀၂၁ ရက်နေ့က KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လက်နက်ကြီး/ အမြောက်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာရှိ ရွာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ရာ ကျောင်းထိုင်ဆရာတော် ဦးကေသရ ၏ ယာဒူးခေါင်း၊ ယာတင်ပါးဆုံ လက်နက်ကြီးအစဖောက်ထွက် ဒဏ်ရာ၊ ဆီးအိမ်ကွဲ ဒဏ်ရာများရရှိ၍ ပျံလွန်တော်မူခဲ့ပါသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေ ကြက်မင်းဘုရားကုန်းပေါ်သို့ ၂၆-၁၂-၂၀၂၂ ရက်နေ့က KNLA/PDF အကြမ်းဖက်အဖွဲ့မှ Drone ၂ စီးဖြင့် Drop Bomb များ ကြဲချဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရွှေကြက်မင်းဘုန်းကြီးကျောင်းမှ သံဃာ ၁ ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ ၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တွီဒိန်ကျေးရွာရှိ ထေရဝါဒသာသနာပြုကျောင်း တိုက်မှဆရာတော် ဦးပညာဇောတ သည် ဟားခါးမြို့နယ်၌ ကျင်းပ ပြုလုပ်မည့် အစိုးရပထမပြန်စာမေးပွဲဖြေဆိုရန် ၁၁-၆-၂၀၂၁ ရက်နေ့က သွားရောက်ခဲ့သော်လည်း ရောက်ရှိခြင်းမရှိခဲ့သဖြင့် ရှာဖွေခဲ့ရာ မင်းတပ်-မတူပီလမ်း ၂၇ မိုင်အနီး၌ ဆရာတော်အား ယာဉ်နှင့်အတူ မီးရှို့သတ်ဖြတ်ခံထား ရသည်ကို တွေ့ရှိခဲ့ပါသည်။
မွန်ပြည်နယ်တွင် KNU, KNLA, PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သံဃာတော် (၄)ပါး ပျံလွန်တော်မူခဲ့ရသည်။
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုးတောင် ပေါ်ရှိ ရသေ့တောင်ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္စင်း ဦးတေဇနိယ သည် ၂၄-၅-၂၀၂၁ ရက်နေ့က ရသေ့တောင်နှင့် ဝိဇ္ဇာတောင်ကြား၌ အကြမ်းဖက် သမားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဆရာတော်၏ ယာဘက် ရင်အုံ ဖောက်ဝင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပါသည်။
ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ ဖားဘုရားအနီး ဒေသအခေါ် ဆင်ခြောက်ကုန်း အဆင်းချုံပုတ်အနီး၌ ၁၀-၂-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် မျက်နှာညိုမဲ၊ ဝဲဘက်ကျောပွန်းခြစ်၊ ယာဘက် ကျောပွန်းခြစ်ဒဏ်ရာများဖြစ် သံဃာ(စိစစ်ဆဲ) ၁ ပါး ပုတ်ပွ၍ သေဆုံးခဲ့ပါသည်။
ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာ၊ တောင်ပိုင်တောရကျောင်းတိုက်ဆရာတော် ဦးဝိမလ(ခ)တောင်ပြိုဘုန်းကြီးသည် ၂၈-၂-၂၀၂၂ရက်နေ့က ပျောက်ဆုံးနေသဖြင့် ကတိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ ကတိုက်ကျေးရွာပြည်သူ့ စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ရင်းငြိမ် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ တောင်ပြိုင်တောရကျောင်းတစ်ဝိုက်သို့ လိုက်လံရှာဖွေခဲ့ရာ စမ်းချောင်းအနီးခြုံပင်များအောက်၌ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ဝဲနဖူးပေါက်ပြဲ၊ ဦးခေါင်းနောက် ပိုင်းအနီးတစ်ဝိုက်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိ ခဲ့ရပါသည်။
သထုံမြို့နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ပေါ်တော်မူဘုရား၏ အရှေ့ဘက်ရှိ ရာဘာခြံအတွင်း၌ တစ်ပါးကျောင်း(ယာယီတဲ)ဖြင့် သီတင်းသုံးနေထိုင်သည့် ဦးအာစိန္ဒ(ခ)ဦးဟာကျူလီ အား ၂-၄-၂၀၂၂ ရက်နေ့တွင် အကြမ်းဖက် (စိစစ်ဆဲ)အဖွဲ့မှ ဓားဖြင့် ခုတ်ဖြတ်ခဲ့သဖြင့် ဦးအာစိန္ဒ(ခ) ဦးဟာကျူလီ နဖူးအလယ်တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ပြင်တွင် ဓား ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ပါသည်။
ရှမ်းပြည်နယ်တွင် သံဃာတော် (၄)ပါး အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပျံလွန်တော်မူခဲ့ရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဓမ္မသီရိ၊ ခန်းနေဆရာတော် ဦးသောဘာသ၊ ဦးကုဝိဒ တို့ ၃ ပါးအား ၁၁-၃-၂၀၂၃ ရက်နေ့က KNDF/PDF အကြမ်းဖက်အဖွဲ့မှ ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်းနှင့် မတ်လ ၁၃ ရက်တွင် ဆရာတော် ၃ ပါး၏ ရုပ် အလောင်းအား ဆောင်းပြောင်းကျောင်းတိုက်ဆရာတော် ဦးကေသရ မှ ဦးဆောင်၍ လုံးပျဉ်ကျေးရွာ၌ အခြေပြုလျက်ရှိသော KNDF/ PDF အကြမ်းဖက်အဖွဲ့ထံမှ သွားရောက်သယ်ဆောင်ခဲ့ပြီး ဆောင်း ပြောင်းကျေးရွာသုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်။
လွိုင်လင်မြို့နယ်၊ ရှမ်းပြည်လွိုင်လင်မြို့နယ်၊ နောင်ဟူး ကျေးရွာရှိ ဘုရားကုန်းဇရပ်၌ ၁၇-၄-၂၀၂၃ ရက်နေ့က သံဃာ ၁ ပါး သေဆုံးနေကြောင်း သတင်းအရ လွိုင်လင်မြို့မရဲစခန်းမှ ဒုရဲမှူး သန်းစိုး ဦးစီးအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူထံမှ တွေ့ရှိသော သာသနာဝင်စိစစ်ရေးကတ်ပြားအရ ဆရာတော် ဦးဝိမလ (ဘ)ဦးညွန့်မောင်၊ သက်တော် ၅၉ နှစ်၊ ဗမာ/ဗုဒ္ဓ၊ မဟာမြိုင်ကျောင်း၊ ရေဦးကျေးရွာ၊ ရမည်းသင်းမြို့နယ်တွင် သီတင်းသုံးနေထိုင်လျက် ရှိကြောင်း၊ ဆရာတော်တွင် ဦးခေါင်းနောက်စေ့ ၁ လက်မခန့် ပြတ်ရှ ဒဏ်ရာ ၄ ချက်၊ နဖူးအလယ်တည့်တည့်တွင် လက်မဝက်ခန့် ပြတ်ရှဒဏ်ရာ ၂ ချက်၊ မျက်လုံးနှစ်ဖက်ညိုမဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် လွိုင်လင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
#MyanmarNationalPost

No comments:
Post a Comment