ကချင်ပြည်နယ်တွင် ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ကုန်ကြမ်းများဖြင့် One Region One Product အဖြစ် ခရိုင်အလိုက် အရည်အသွေးမြှင့်မားသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်တွင် ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ကုန်ကြမ်းများဖြင့် One Region One Product အဖြစ် ခရိုင်အလိုက် အရည်အသွေးမြှင့်မားသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP ၊ ဇူလိုင် ၁၃

ကချင်ပြည်နယ်အတွင်း ဒေသတွင်း ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်ရှိရင်းစွဲ အရင်းအမြစ်ကုန်ကြမ်းများဖြင့် One Region One Product ထုတ်ကုန်လုပ်ငန်းများအဖြစ် သက်ဆိုင်ရာခရိုင်အလိုက် အရည်အသွေးမြင့်မားစွာ တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် သီးထပ်သီးညှပ်များ စိုက်ပျိုးရေးနှင့်အတူ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထွက် ကုန်ကြမ်းများကိုအခြေခံသည့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ဒေသတွင်း ထွက်ကုန်များအပေါ် အရည်အသွေးမြှင့် ထုတ်ကုန်များဖြစ်လာစေရေး၊  ဈေးကွက်ခိုင်မာပြီး ပြည်တွင်းသာမက ပြည်ပ ပို့ကုန်များအဖြစ် ရည်ရွယ်၍ One Region One Product အဖြစ် တိုးမြှင့်ထုတ်လုပ်လာနိုင်ရေး  သက်ဆိုင်ရာခရိုင်အလိုက် အဓိကထုတ်ကုန်ပစ္စည်းများအပေါ် စနစ်တကျရွေးချယ်စိစစ်ပြီး မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် ဒေသထွက်ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကုန်ကြမ်းရရှိနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပြည်နယ်အတွင်း MSME လုပ်ငန်းများ ခွင့်ပြုပေးနေမှုအခြေအနေများ၊ One Region One Product ထုတ်လုပ်နိုင်ရေးဗဟိုအေဂျင်စီ၏ ညွှန်ကြားချက်များနှင့် ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ ခရိုင်များအလိုက် One Region One Product ထုတ်ကုန်အဖြစ် ဒေသထွက်ထုတ်ကုန်များနှင့် အောင်မြင်ဖြစ်ထွန်းနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် အခြေခံ၍ စိစစ်ရွေးချယ်နိုင်ရေး သုံးသပ်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်များအလိုက် ဒေသထွက် စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများအပေါ် အခြေခံ၍ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများကို မြှင့်တင်ကာ One Region One Product ထုတ်ကုန်အဖြစ် အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေး ရွေးချယ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)