ရွှေတောင်မြို့နယ်တွင်၂၀၂၃ - ၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် လူရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်၂၀၂၃ - ၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် လူရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ






MNP ၊ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အထက ( ကြာနီကန် )ကျောင်း ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃ - ၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် လူရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။ 


အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့​နောက်အထက ( ကြာနီကန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းသိန်းက မိဘဆရာအသင်း ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး လူရည်ချွန် ကျောင်းသူလေးအားဂုဏ်ပြုချီးမြှင့်စကားပြောကြားခဲ့သည်။


ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်း အသစ်ရွေးကောက် တင်မြှောက် အတည်ပြုခြင်းအစီအစဥ်ကိုကျင်းပပြုလုပ်၍လူရည်ချွန် ရရှိခဲ့သော Grade-12 ကျောင်းသူ မမြကေခိုင်ကျော်အားဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး လူရည်ချွန်ကျောင်းသူလေး မမြကေခိုင်ကျော်မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)