ပေါင်မြို့နယ်၌မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့ပေါ် ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့ပေါ် ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော်






MNP ၊ ဇူလိုင် ၂၉     

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ပေါင်မြို့ပေါ် ရပ်ကွက်များနှင့်   မော်လမြိုင်-ရန်ကုန်ကားလမ်း ၌ ယနေ့  နံနက်ပိုင်းမှ စတင်၍ ကားလမ်းရေကျော်ပြီးမြို့ပေါ်ရပ်ကွက်များ၏လူနေအိမ်များသို့ရေသုံးပေခန့်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါရေဝင်ရောက်နေသော နေရာများသို့ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များ ဖြတ်သန်း မောင်းနှင်မှုနှင့်‌ လူနေအိမ်များသို့ရေဝင်ရောက်နေမှုကို ပစ္စည်းများသိမ်းဆည်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 


ရေဆက်လက်မြင့်တက်လာပါက ဘေးအန္တရာယ်ကင်းရှင်းစေရန် ယာဥ်များဖြတ်သန်းသွားလာမှုကို ခေတ္တဆိုင်းငံ့သွားမည်ဖြစ်သည်။အလားတူ ဇင်းကျိုက်မြို့နှင့် ဖလပ်ကျေးရွာ၊ မုတ္တမကျေးရွာရှိ ဝါရီရူတွင်လည်း ရေများမြင့်တက်လျက်ရှိသည်။ထို့ပြင် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာအထွက် စည်ပင်ဂိတ်အနီးတွင် မြေသားပျော့ကျမှုအနည်းငယ်ရှိသဖြင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်များအား ကြိုတင်ရွှေ့ပြောင်းထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က အခြေအနေ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)