ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများအပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများအပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး


MNP ၊ ဇူလိုင် ၂၉     

ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသအရင်းအမြစ်ထွက် ကုန်ကြမ်းများဖြင့် One Region One Product အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်အေဂျင်စီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အတွင်းရှိ MSME လုပ်ငန်းများကို ရေရှည်ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေး ဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသအလိုက် One Region One Product အဖြစ် ရွေးချယ် သတ်မှတ်၍ အရည်အသွေးမြှင့်၊ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း / ပြည်ပ ဈေးကွက်ရရှိရေးအတွက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်အလိုက် ဒေသထွက်သဘာဝအရင်းအမြစ် ကုန်ကြမ်းများဖြင့် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက်ရှိသည့် MSME  လုပ်ငန်းများအား One Region One Product အဖြစ် ရွေးချယ်သတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် အေဂျင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဗဟိုအေဂျင်စီ၏ အမိန့်၊ ညွှန်ကြားချက်များနှင့် One Region One Product အစီအစဉ်ထိရောက်စွာအကောင်အထည် ဖော်နိုင်ရေး ခရိုင်အလိုက်ရွေးချယ်သတ်မှတ်သွားရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အေဂျင်စီအတွင်းရေးမှူး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က MSME လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ဆုံးဖြတ်ချက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် One Region One Product အဖြစ် ထုတ်ကုန် စာရင်းပြုစု၍ Action Plan ရေးဆွဲတင်ပြရမည့်ကိစ္စရပ်များကို  ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက One Region One Product အဖြစ် သတ်မှတ်နိုင်ရေး ခရိုင်အလိုက် ထွက်ကုန်များအပေါ် ပဏာမရွေးချယ်ဆောင်ရွက်ထားသည့် မြစ်ကြီးနားခရိုင်အတွက် ရက်ကန်းနှင့်တစ်သျှူးငှက်ပျော၊ ဗန်းမော်ခရိုင်အတွက်အစေ့ထုတ်ပြောင်းနှင့် မြေထောက်ပဲ၊ မိုးညှင်း ခရိုင်အတွက် ပဲပုတ်နှင့်ဆန်ခေါက်ဆွဲ၊ ပူတာအိုခရိုင်အတွက် ရှောက်ကောနှင့် ဂရိတ်ဖု၊ တနိုင်းခရိုင် အတွက် ဆီမုန်ညှင်း၊ ချီဖွေခရိုင်အတွက်သစ်ကြားသီးနှင့် ရှောက်ကောတို့အား ကုန်ကြမ်း ရရှိမှု ပဏာမ၊ ကုန်ချောထုတ်လုပ်နိုင်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေး တင်ပြ ကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရွေးချယ်ဆောင်ရွက်ထားသည့် ထုတ်ကုန်အမယ်များအလိုက် Action Plan ရွေးဆွဲတင်ပြနိုင်ရေးနှင့် ရေရှည်စီမံဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)