ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်







MNP ၊ ဇူလိုင် ၂၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို MV. MERCURY FORCE သင်္ဘောဖြင့် ပို့ဆောင်ပေးခဲ့သည်။

MV. MERCURY FORCE သင်္ဘောသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Ooredoo Myanmar၊ သီရိလင်္ကာနိုင်ငံနှင့် ထိုင်းနိုင်ငံ (Siam Cement Group) တို့မှ ပေးပို့သည့် သစ်ခွဲသား (၄၇၈ ဒသမ ၅၁) တန်၊ သွပ် (၁၈၅၀)ချပ်၊  ဒေါင့်သံ (၈၉) တန်၊ တာပေါ်လင် အချပ် (၃၀၀) ၊ Solar Lamp အလုံး (၂၀၂၀)၊ ဆန်(၆)ပြည်ဝင် အိတ် (၂၀၀၀)၊ စားသုံးဆီဗူး (၂၀၀၀)၊ ငါးပိ (၂၁) အိတ်နှင့် အဝတ် အထည်များအပါအဝင်  စုစုပေါင်း ကူညီကယ်ဆယ်ရေးပစ္စည်း (၇၅၉ ဒသမ ၂၄၃) တန် တင်ဆောင်၍ ယနေ့ညနေပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)