ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အာဆီယံ - တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အာဆီယံ - တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


MNP ၊ ဇူလိုင် ၂၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ- တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားဧည့်သည်များ အပြန်အလှန် သွားလာလည်ပတ်ရေးနှင့် ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အာဆီယံ-တရုတ်ဗဟို ဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ ခရီးသွားပြပွဲများ၊ ပွဲတော်များနှင့် ကုန်စည်ပြပွဲများသို့ ဖိတ်ကြားရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့်  ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)