ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့များမှ ယာယီနေရပ်စွန့်ခွာသူဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့များမှ ယာယီနေရပ်စွန့်ခွာသူဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ



MNP ၊ ဇူလိုင် ၁၉

ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့နယ်နှင့် ရွာသစ်မြို့များမှ လွိုင်ကော်မြို့သို့ ယာယီနေရပ်စွန့်ခွာသူ ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦိးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသည့် ယာယီနေရပ်စွန့်ခွာသူဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နယ်မြေဒေသအခြေအနေရ လွိုင်ကော်မြို့သို့ ယာယီနေရပ်စွန့်ခွာသူရောက်ရှိပြီး တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ကျေပွန်မှု ၊ သစ္စာရှိမှုများကို  အသိအမှတ်ပြုပါကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးနေကြောင်း ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများက လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ ပြည်သူများနှင့် အတူလက်တွဲ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မယ်စဲ့ခရိုင် ၊ မြို့နယ်နှင့် ရွာသစ်မြို့များမှ ယာယီနေရပ်စွန့်ခွာသူရောက်ရှိလာပြီး လွိုင်ကော်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီများပေးအပ်ခဲ့ကြရာ အဆိုပါမြို့နယ်များရှိဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ကလက်ခံရယူခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများအား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)