နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံ


MNP ၊ ဇူလိုင် ၁၉

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ စိုက်ပျိုးလုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင်  နိုင်ငံတော်၏ ဦးတည်ချက်များမှ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးလုပ်ငန်းများလည်း တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးမှ တစ်ဆင့် အခြားအသေးစား၊ အလတ်စား၊  အကြီးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထုတ်ကုန်များဖွံ့ဖြိုး တိုးတက်စေရန်အတွက် ယခုအကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဧကများတိုးချဲ့နိုင်ရေး၊ အထွက်နှုန်းများတိုးရေး၊ သီးထပ် သီးညှပ်များ စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊  အထွက်နှုန်းတိုးပြီး ပန်းတိုင် အထွက်နှုန်း ရရှိအောင် (မျိုး၊ မြေ၊ ရေ၊ နည်း) တို့ကို ဂရုတစိုက် လိုက်နားဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးမှ ဝင်ငွေများ တိုးတက်ပြီး အကျိုးအမြတ်များစွာ ရရှိစေပြီး ကုန်ကျစရိတ်သက်သာစေမည့် သွင်းကုန်အစားထိုးလုပ်နိုင်သည့် တိရစ္ဆာန်အစာများ၊ သွင်းအားစုများ ဖြစ်သည့် ဓာတ်မြေဩဇာများအစား ကုန်ကျမှုစရိတ်နည်းသည့် သဘာဝဓာတ်မြေဩဇာများဖြင့် ပေါင်းစပ်သုံးစွဲကြစေလိုကြောင်း၊       ပန်းတိုင်ရည်မှန်းချက် ရရှိအောင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ပြီး ရေရရှိရေး၊ နည်းစနစ်ရရှိရေးတို့ကို ပေါင်းစပ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများအပြင် စံပြအဆင့်မြင့် လယ်ယာများဖော်ဆောင်ပြီး ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ထို့နောက် နယူးဧရာကုမ္ပဏီနှင့် ဂရိတ်ဝေါကုမ္ပဏီတို့မှ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးနေမှု၊ ကန်ထရိုက်လယ်ယာ ဆောင်ရွက်နေမှု၊ သဘာဝဓာတ်မြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာထုတ်လုပ် ဖြန့်ဖြူးနေမှုများကိုလည်းကောင်း၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။


၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လယ်ဝေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဌာနမှ လျာထားဧက ၇၀၀၀၊ သမဝါယမမှ ၃၀၉၂ ဒသမ ၃ ဧက၊ စုစုပေါင်း ၁၀၀၉၂ ဧကဖြစ်ပြီး ယခုအစည်းအဝေးတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တောင်သူများ၏ ဆွေးနွေးမှုများအရ မိုးစပါးကို ဧက ၂၀၀ တိုးချဲ့စိုက်ပျိုးမည်ဖြစ်၍ စုစုပေါင်း ၁၀၂၉၂ ဧက တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မူလလျာထားစိုက်ဧက ၆၈၄၄ ဧကမှ စိုက်ပျိုးရေးဦးစီးဌာနမှ ၃၃၁ ဧက၊ နယူးဧရာကုမ္ပဏီမှ ဧက ၁၀၀၀၊ သမဝါယမမှ ၅၅၃ ဒသမ ၅ ဧက၊ စုစုပေါင်း ၁၈၈၄ ဒသမ ၅ ဧကရှိပြီး ယခုအစည်းအဝေးတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တောင်သူများ၏ဆွေးနွေးမှုများအရ မိုးစပါးကို ဧက ၄၀၀ တိုးချဲ့စိုက်ပျိုးမည်ဖြစ်၍ စုစုပေါင်း ၂၂၈၄ ဒသမ ၅  ဧက တိုးချဲ့စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း သိရပါသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)