မတ္တရာမြို့နယ်၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်





MNP ၊ ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အ.ထ.က(မတ္တရာ) ကျောင်းတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီက အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်မှ မိုးရာသီကာလတွင် ဖြစ်ပွားတက်သော အဆုတ် အအေးမိ(နမိုးနီးယား)အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးများထိုးနှံရေး၊ တစ်ကိုယ်ရေးသန့်ရှင်းရေးများ ပြုလုပ်ရေး၊ မက်စ်များကို စနစ်တကျ တပ်ဆင်ရေး၊ လက်ကိုစနစ်တကျဆေးကြောရေး၊ အားရှိသော အစားအစာများ စားသောက်ပြီး အိပ်ရေးဝဝအိပ်စက်စေရေး၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမြန်သည့်ရောဂါများ တွေ့ရှိရ ပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံး သွားရောက်၍ ကုသစေရေး စသည့် အကြောင်း အရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များနှင့်  မြို့နယ်ဆရာဝန်ကြီးတို့မှ ကျောင်းအတွက် လက်သန့်ဆေး (Hand Gel)များ၊ Maskများကို ပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်း သူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုးကျော်သူထွေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)