MNP ၊ ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းများညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့် အမှာစကားပြောကြားရာတွင် စိုက်ပျိုးစွမ်းအား တိုးမြှင့်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင် ရာများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တံတားချည်းကပ်လမ်းဘေး စိုက်ပျိုးထားသည့် တမာပင် များအား ရှင်သန်းအောင် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ပေးကြရန် ဌာနဆိုင်ရာများ သောကြာ နေ့တိုင်း မိမိဌာနတွင်း သန့်ရှင်းရေး အလေးထားဆောင်ရွက်ကြရန် ပြေကြားပေးခဲ့ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးခရိုင် ရဲတပ်ဖွဲ့မှူးက ရုံးလုံခြုံရေး၊ စာရွက်စာတန်း လုံခြုံရေး အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး သက်နိုင်ထွန်းက ဌာနဆိုင်ရာ အကြီးအကဲ များအနေဖြင့်ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် ပြောကြားပေးခဲ့ပြီး တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များတင်ပြပေးမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်စပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment