MNP ၊ ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများထံသို့ သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေးကြီးအနီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့တွင် အရောင်းဆိုင်ဖွင့်လှစ်ရာ အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည် (၂၅၀၀) ကျပ်၊ ဆီငါးဆယ်ကျပ်သား (၄၀၀၀) ကျပ်၊ ဆားငါးဆယ်သား (၁၅၀) ကျပ်၊ ကြက်ဉ(၅)လုံး (၁၀၀၀) ကျပ်၊ အမဲသား (၂၅) ကျပ်သားလျှင် (၃၀၀၀) ကျပ်ဖြင့် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ လွတ်လပ်စွာလာရောက် ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment