ရွှေကျင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့်အောင်ချက်အကောင်းဆုံး ရရှိသောကျောင်းများအား ဆုပေးပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကျင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့်အောင်ချက်အကောင်းဆုံး ရရှိသောကျောင်းများအား ဆုပေးပွဲ အခမ်းအနားကျင်းပ





MNP ၊ ဇူလိုင် ၂၇      

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေကျင်မြို့နယ် စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုပြီး ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ(၇၉)ဦးနှင့်အောင်ချက်အကောင်းဆုံး ရရှိသောကျောင်း(၅)ကျောင်းတို့အား ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ရှမ်းကြေးရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အ-ထ-က(တပ်နယ်) ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆို ဖွင့်လှစ်ပေးကာ စစ်ဗျူဟာအဖွဲ့(အခြေချ) (ရွှေကျင်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဖုန်းအောင်နှင့် ရွှေကျင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး‌ဒေါ်တင်တင်ဦးက ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ထူးချွန်စွာအောင်မြင်ခဲ့သည့်  (၃) ဘာသာဂုဏ်ထူးရှင်(၁၃) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊  (၁) ဘာသာဂုဏ်ထူးရှင်(၄၄) ဦးစုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသား/ ကျောင်းသူ(၇၉)ဦးနှင့် အောင်ချက်အကောင်းဆုံး ရရှိသောကျောင်း(၅) ကျောင်းတို့အား စစ်ဗျူဟာအဖွဲ့(အခြေချ) (ရွှေကျင်)စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/ မြို့ဖများနှင့် စေတနာရှင်အလှူ ရှင်များစုပေါင်း၍ ဆုများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပညာရည်ထူးချွန်ဆုနှင့် အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများ၏ကိုယ်စား အ-ထ-က(ခွဲ) (သက္ကယ်ကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်ဦးက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။


ဆုပေးပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (ရွှေကျင်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ဂုဏ်ထူးရကျောင်းသား၊‌‌ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ မြို့မိ/ မြို့ဖများနှင့်စေတနာရှင်အလှူရှင်များ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်​ရောက်ခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဇော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)