MNP ၊ ဇူလိုင် ၂၇
ပခုက္ကူမြို၊ ရွှေချောင်းအဝိုင်းတွင် လုံခြုံရေးအဖွဲမှ ယာဉ်များအား စစ်ဆေးနေစဉ် ယနေ့ ညနေ ၄ ၀၀နာရီဝန်းကျင်ခန့်က ဆိုင်ကယ် ၁ စီးက အစစ်ဆေးမခံဘဲ ဒုန်းစိုင်းထွက်ပြေးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ထွက်ပြေးသူမှာ PDF အကြမ်းဖက်သမား ၁ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
အဆိုပါ အကြမ်းဖက်သမားထံမှ လက်လုပ်ပစ္စတို ၁ လက်၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကိုမခံဘဲ ထွက်ပြေးခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခံရပြီး PDF အကြမ်းဖက်သမားမှာ သေဆုံးသွားခဲ့သည်။
#MyanmarNationalPost
No comments:
Post a Comment