NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြသူများ၊ အကြမ်းဖက်လှုံ့ဆော်သူများကို ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြသူများ၊ အကြမ်းဖက်လှုံ့ဆော်သူများကို ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ ဇူလိုင် ၂၇ 

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ပြည်ဖျက်မီဒီယာများမှ နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီးလှုံ့ဆော်လျက်ရှိပြီး ၎င်းတို့၏ လှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လှုံ့ဆော်သူများ၊ အကြမ်းဖက်သမားအဖြစ် ဆောင်ရွက်နေသူများကို ၂၆-၇-၂၀၂၃ ရက်နေ့ က သက်ဆိုင်ရာ တရားရုံးများတွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် နေထိုင်လျက်ရှိပြီး အစိုးရအဖွဲ့အစည်းတစ်ခုကိုဖြစ်စေ၊ နိုင်ငံဝန်ထမ်းများကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများအား ပြစ်မှုကျူးလွန်စေရန် ကြံရွယ်လျက် ဒေသအတွင်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အနှောက်အယှက်ဖြစ်စေရန် ပြုလုပ်ခဲ့သူ တရားခံ လက်မိုးခန့် အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၂)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။

ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အစိုးရအဖွဲအစည်းတစ်ခုကိုဖြစ်စေ၊ နိုင်ငံဝန်ထမ်းများကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများအား ပြစ်မှုကျူးလွန်စေရန် ကြံရွယ်လျက် ဒေသအတွင်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အနှောက်အယှက်ဖြစ်စေရန် ပြုလုပ်ခဲ့သူ တရားခံ ဝင်းထွန်း၊ တရားခံ အေးချို(ခ)ငွေထွား တို့အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၂)နှစ် ကျခံစေရန် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

ကလေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြို့သူ/မြို့သားများအား CDM လှုပ်ရှားမှုများ၌ ပါဝင်လာစေရန်အတွက် စည်းရုံးသိမ်းသွင်းခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် အစိုးရဝန်ထမ်းများအား ပါဝင်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးလှုံ့ဆော်ခဲ့သူ တရားခံ ခင်မောင်စိုး  အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၂)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကနီမြို့နယ်၊ မဲဒင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များ ထံသို့ အလှူငွေများကောက်ခံ ပေးခဲ့ခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်အဖွဲ့များအား ထောက်ခံကြောင်း စာသားများ ရေးသားဖြန့်ဝေခဲ့သူ တရားခံ မင်းလတ်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)