ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအား သွားရောက် ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအား သွားရောက် ကွင်းဆင်းကြည့်ရှု



MNP ၊ ဇူလိုင် ၂၇      

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဗထူးတပ်နယ် ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၈)နာရီခွဲက ရပ်စောက်မြို့  ဗထူးအခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ကျောင်းအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့ UNIQUE LAWK  SAWK MHGO PUBLSC .Co,Ltd. သွားရောက်ကြည့်ရှုရာ ရပ်စောက်မြို့ သရက်အုပ်စုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးမှ သရက်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်သီးအဆင့်ဆင့် ထုတ်လုပ်သည့် စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြပြီး ရပ်စောက်မြို့ အင်းခေါင်ကန်အား သွားရောက်ကြည့်ရှု စစ်ဆေးရာ ရပ်စောက်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ အင်းခေါင်ကန်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဗထူးတပ်နယ် ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်း၌ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ စပါးနှင့် အစေ့ထုတ်ပြောင်း ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိအောင် ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံများဖြစ်သော ဆီနေကြာ၊ မြေပဲ၊ ပန်းနှမ်းနှင့် ဆီမုန်ညင်း တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေး ရာသီပေါ် သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ ပဲပုတ်နှင့် နှစ်ရှည်ပင်များဖြစ်သော ကော်ဖီ၊ သရက်တို့လည်း တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချရေးဆိုင်ရာများ သီးထပ်စွမ်းအား တိုးတက်ကောင်းမွန်အောင် ဆွေးနွေးမှာကြားခြင်း၊ သောက်သုံးရေ လုံလောက်အောင် ဆောင်ရွက်ရေးဆိုင်ရာများ မှာကြားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ကျောင်းအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူကြသည်။


ထို့နောက် ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာတွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးနှင့် မျိုးစေ့ထုတ်၊ တောင်သူများအား ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်ရာ ကောက်စိုက်တောင်သူနှင့် ကောက်စိုက်သမားများမှ တမန်းနိုးနေမှုနှင့် မြေသြဇာ ပက်ကျဲပေးနေမှုတို့ကို ကြည့်ရှုပြီး ဧက (၁၂၀) စိုက်ပျိုးသော တောင်သူ(၂၀)ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေးအတွက် အသုံးပြုနေသော ပင်ဖြစ်ဆည်အား သွားရောက်ကြည့်ရှုကြသည်။


ဆက်လက်၍ တောင်ကြီးမြို့နယ် ကျောက်နီစိုက်ကွင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲရုံးခန်းမ၌ အသေးစားမွေးမြူရေးခြံ ဖော်ထုတ်မှုနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မင်းထွန်းမှ ရှင်လင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပြီး လိုက်ပါလာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။


အဆိုပါ တောင်ကြီးမြို့နယ် ကျောက်နီစိုက်ကွင်း အသေးစားမွေးမြူရေးဇုန်သည် တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့ ၁၀ မိုင်၊ ရွှေညောင်မှ ရပ်စောက်လမ်း ၁၂ မိုင် ၁ ဖာလုံ ၎င်း အနောက်ဘက် ရေပူကျေးရွာမှ ကျောက်နီသွားလမ်း ၂ မိုင် ၆ ဖာလုံခန့် အကွာ၊ ထိုမှ အတွင်းသို့ ၃ မိုင် စုစုပေါင်း တောင်ကြီးမြို့မှ ၂၇ မိုင်ခန့်အကွာ ကွန်လုံကျေးရွာအုပ်စုတွင် တည်ရှိပြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မြေဧရိယာ စုစုပေါင်း (၄၉၃) ဧက ကျွဲ၊ နွားများအား ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့်အညီ မွေးမြူခြင်း အသား/နို့ ပြုပြင်ထုတ်လုပ်ခြင်း၊ ပုဂ္ဂလိက ကျွဲ/နွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လိုသူ  ၂၁ ဦးဖြင့် မွေးမြူထုတ်လုပ်ရန် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မောင်မောင်သန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)