MNP ၊ ဇူလိုင် ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ အသက် ၁၆နှစ်အောက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီမှစတင်၍ သက်ဆိုင်ရာအုပ်စုကျောင်းများ အလိုက် ပြိုင်ပွဲများ စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို အုပ်စု(၂)အုပ်စုဖြင့်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အုပ်စု(က) တွင် အ.ထ.က မချမ်းဘောအသင်း၊ အ.လ.က မြို့မအသင်းနှင့် အ.လ.က အလန်ဂါးအသင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စု(ခ)တွင် အ.ထ.က ထရန်ဒမ်းအသင်း၊ အ.ထ.က(ခွဲ)နမ်ခမ်အသင်း၊ မူလွန်နမ်ဘူယန်အသင်းတို့ ပါဝင်ယှဥ်ပြိုင် ကစားသွားမည်ဖြစ်ကာ အုပ်စုပွဲစဥ်များကို ဇူလိုင် ၂၀ရက်မှ ဇူလိုင် ၂၄ရက်ထိ ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့နောက် အုပ်စုပွဲစဥ်အနိုင်ရအသင်းများ၏ ဗိုလ်လုပွဲစဥ်ကို ဇူလိုင်လ (၂၈)ရက်နေ့တွင် မချမ်းဘောအခြေခံပညာအထက်တန်း ကျောင်း ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ
https://t.me/MyanmarNationalPost

No comments:
Post a Comment