MNP ၊ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူကုန်ကူးမှုတားဆီကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ရမ်းဗြဲမြို့ အထက ပုလုပ်တောင်ကျောင်း ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ပညာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဆက်လက်ပြီး အမျိုးသမီးရေးရာဥက္ကဌ ဒေါ်နန်းစောညွန့်က လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြောကြားခြင်း၊ ဆက်လက်ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်က လူကုန်ကူးမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်သော ဥပဒေများကို ရှင်းလင်းပြောကြားခြင်း၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူကုန်ကူးမှုမဖြစ်ပွားစေရန် နေထိုင်ပြုမှု ရမည့်အကြောင်း ရှင်းလင်းပြောကြားခြင်း၊ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက ကျန်းမာကြံ့ခိုင်စွာနေထိုင်နိုင်ရန် ကျောင်းသား၊ကျောင်သူများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ထိုအခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment