လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဘိသလွန်ကျေးရွာတွင် ပထမအကြိမ်မြစိမ်းရောင် ချေးငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဘိသလွန်ကျေးရွာတွင် ပထမအကြိမ်မြစိမ်းရောင် ချေးငွေထုတ်ချေး



MNP ၊ ဇူလိုင် ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘိသလွန်ကျေးရွာအုပ်စု ဘိသလွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ပထမအကြိမ်အဖြစ် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခဲ့သည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများပေါများစေရန် စီမံကိန်းများရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင် ချေးငွေထုတ်ချေးသည့် စီမံကိန်းလုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ရာ စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အဆိုပါကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်းချေးငွေ အောင်သူ(၁၄၆)ဦးအား ပထမအကြိမ်အဖြစ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၃၀၀)သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။


အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။


ကျော်ဟိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)