ကျိုက်ထိုမြို့နယ်တွင် လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲ ပြုလုပ်






MNP ၊ ဇူလိုင် ၁၁

 မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုဇူလိုင်(၁၁)ရက်နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

 

  ဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းမော်ကလူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးနှင့်အာဇာနည်‌ နေ့ အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိဦးရန်နိုင်အောင်က လူငယ်နှင့်ကျန်းမာရေးအကြောင်းတို့ကိုဆွေးနွေးဟောပြောကြရာ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 

 ထို့နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည် နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကိုပြသထားရာဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများကစိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment