သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၂၈)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၂၈)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံ


MNP ၊ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ‌အသက် ၅ နှစ်ပြည့်ပြီး KG၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား First dose, Second Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့တို့က ကြည့်ရှုအား‌ပေး ကူညီစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦး First dose(Sinopharm) ကာကွယ်ဆေးထိုးနှံ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၁၂၈)ဦးတို့ကို Second Booster ပေါင်း(၂၂၈)ဦးတို့ကို ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ရက်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment