ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ



MNP ၊ ဇူလိုင် ၂၅      

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံးတော်မူသော စာချ၊ စာသင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်း အစရှိသော လှူဖွယ်ပစ္စည်းများလောင်းလှူကြကြောင်း သိရသည်။


ထို့အပြင် ဆရာတော်သံဃာတော်များအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးအလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ ဒေသခံပြည်သူများက ဆွမ်းဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား (၇၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)