ဒေါ်အောင်ဆန်းစုကြည် စကားကို အလေးထားကာ ဥပဒေဘောင်အတွင်း ဝင်ခဲ့ကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည် စကားကို အလေးထားကာ ဥပဒေဘောင်အတွင်း ဝင်ခဲ့ကြပြီ




မန္တလေးမြို့မှာ PDF အဖွဲ့ဝင် ၈ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတယ်လို့ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းက အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ အမရပူရမြို့နယ် တို့က လူငယ်တွေ ဖြစ်ကြပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှာ ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးထားခဲ့တာ ကြာပါပြီ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး ဘဝတွေ နစ်မွန်းမှာစိုးလို့ အစိုးရတစ်ရပ်အနေနဲ့ ဆန့်ကျင်သူ၊ ထောက်ခံသူလို့ မခွဲခြားဘဲ ပြည်သူတွေအပေါ် ရှေးရှုမေတ္တာ ကရုဏာနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးသမားတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုအားက ကောင်းလွန်းတာကြောင့် လူငယ်တွေမှာ အသိမှန် အမြင်မှန် မရနိုင်ဘဲ အသုံးချခံ အကြမ်းဖက်သမားများအဖြစ်နဲ့ အတိဒုက္ခရောက်ခဲ့ကြပါတယ်။ နိုင်ငံရေးအစွန်းရောက်အတွေးနဲ့ ကိုယ့်ရွာသူ ရွာသားအချင်းချင်း သတ်ကြတယ်။ ပြည်ပြေး ဝရမ်းပြေးတွေဆီက အထောက်အပံ့မရတော့တဲ့အခါကြတော့ လက်နက်ပြပြီး ဓားပြတိုက်၊ လုယက်မှုတွေ ကျူးလွန်လာကြတယ်။

ဘယ်သူတွေ ပြောလို့မှ နားမဝင်ခဲ့ပါဘူး။ အသိမှန် အမြင်မှန်ရပြီး PDF အဖွဲ့ဝင်တချို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတယ်။ နိုင်ငံတော်က ထုတ်ပြန်ကြေညာထားတဲ့အတိုင်း ကူညီပံ့ပိုးပေးတယ်။ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း အပ်နှံပေးတယ်။ 

ထပ်မံပြီး နိုင်ငံတော်က လက်နက်အပ်နှံပြီး ဝင်ရောက်လိုသူများကို လက်နက်အမျိုးအစားအလိုက် ဆုငွေများချီးမြှင့်ပေးမယ်လို့ ထုတ်ပြန်ကြေညာပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ လက်နက်အပ်နှံပြီး ဝင်ရောက်လာသူတွေကိုလည်း ထုတ်ပြန်ကြေညာထားသည့်အတိုင်း လက်နက်အမျိုးအစားပေါ်မူတည်ပြီး ဆုငွေတွေ ချီးမြှင့်ပေးခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေလို မဟုတ်မမှန်လုပ်ကြံဖန်တီးလှုံ့ဆော်ပြီး သေကြောင်းကြံတာမျိုး မလုပ်ပါဘူး။ နိုင်ငံတော်က လမ်းဖွင့်ပေးထားပြီဖြစ်တဲ့အတွက် PDF ထဲ ရောက်နေသူတွေ အသိမှန် အမြင်ရကြဖို့နဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့အတွက်ပဲ နေ့စဉ်ဖိတ်ခေါ်ပေးပါတယ်။

လူငယ်တွေမှာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စဉ်းစားဆုံးဖြတ်တာမျိုးမဟုတ်ဘဲ သူများပါးစပ်ဖျားမှာ လမ်းဆုံးနေကြတာ ဆိုတော့ကာ ကျွန်တော်တို့ရဲ့ ဆွေးနွေးတင်ပြမှုတွေဟာ ထိရောက်မှု နည်းပါတယ်။ ပြည်ဖျက်မိစ္ဆာ အုပ်စုကို မလွှမ်းမိုးနိုင်ပါဘူး။

အခုတော့ လူငယ်တွေ အသိမှန် အမြင်မှန်ရဖို့ သင့်ပြီ။ မဲမသမာမှု၊ အဂတိလိုက်စားမှုတွေကြောင့် အကျဉ်းကျခံနေရသည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အကြမ်းဖက်လမ်းစဉ်နောက်ကို မလိုက်ဘူး။ ၁၉၈၈ အရေးအခင်းကာလမှာလည်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လုပ်ဆောင်ကြမယ့် ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် က တားမြစ်ခဲ့တာလည်း ရှိပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက အဲဒီလို အပြုသဘောဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရပ်တည်ချက်တွေကို ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိခွင့်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် က အကြမ်းဖက်လမ်းစဉ်ကို အားပေးထောက်ခံနေသယောင် ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဖန်တီး လှုံ့ဆော်မှု အမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြပါတယ်။

၉-၇-၂၀၂၃ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ သီးခြားတွေ့ဆုံခွင့် ရတဲ့အချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အနောက်အုပ်စုရဲ့ ပံ့ပိုးမှုနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ NUG, PDF ကို အသိအမှတ်မပြုဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ထွက်လာတဲ့အချိန်မှာလည်း ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေနဲ့ ပြည်ဖျက်မီဒီယာပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားကို အတည်ပြုချက် ယူလို့ မရပါဘူးလို့ လုပ်ကြံဖန်တီး ပြောဆိုကြပါတယ်။

သူတို့ရဲ့ ပြောဆိုမှုပုံစံက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပဲ လုပ်ကြံဖန်တီးပြီး ပြောဆိုနေသယောင် ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုမှုတွေ လုပ်လာတဲ့အချိန်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးခြားတွေ့ဆုံခွင့် ပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ချိန်မှာ ပြည်ဖျက်မိစ္ဆာတွေ အတွက် ပြာယာခတ်သွားပါတော့တယ်။ နောက်ဆုံးတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ငြင်းချက်ထုတ်ဖို့ မလွယ်တော့ဘူး ဖြစ်လာပါတယ်။ 

ဒေါ်စုထမီနားကို ခိုပြီး နိုင်ငံရေးလုပ်စားခဲ့တဲ့ ကောင်တွေ၊ ကောင်မတွေ က တစ်ဦးတစ်ယောက်ရဲ့ သဘောထားနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဆုံးဖြတ်လို့ မရပါဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုပါ ပုတ်ခတ်စော်ကားမှုတွေ လုပ်လာကြပါတော့တယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အခုလို လုပ်ရပ်ကတော့ မထူးဆန်းပါဘူး။ ကိုယ့်ပါတီဝင်အချင်းချင်းတောင် အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါလာခြင်းမရှိတဲ့ သူတွေကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြသေးတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေအနေနဲ့ အခုလို တုန့်ပြန်တာကတော့ ရိုင်းလွန်းပါတယ်။ ဦးဝင်တင် စကား နဲ့ ပြောရရင် "မင်းတို့ နိုင်ငံရေးဟာ ပျက်မှာပဲ၊ ကျေးဇူးရှင်ကို မဖော်ပြရဲဘူး" လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား ထွက်လာပြီးချိန်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ဘယ်လိုပင် လှုံ့ဆော်နေစေကာမူ ပြည်တွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ PDFအဖွဲ့ဝင်တွေအနေနဲ့ အသိတရားရသင့်ပြီ။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနောက်မှာ ၅သိန်းပေးပြီး လူသတ်ခိုင်းရင် သတ်ပေးတယ်။ ၅သောင်းပေးပြီး ဗုံးခွဲခိုင်းရင် ဗုံးခွဲတယ်။ ကြေးစား အကြမ်းဖက်သမားတွေ အဖြစ်နဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြတယ်။ မိမိတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဥပဒေက ပေးတဲ့ ပြစ်ဒဏ်ကို ခံရမယ့် အချိန်မှာတော့ ဘယ်ပြည်ပြေး ဝရမ်းပြေးကမှ ကိုယ်စားခံပေးလို့ မရဘူး။ ပြည်ပြေး ဝရမ်းပြေး ဆိုသူများကလည်း ခံပေးမယ့် အထဲမှာ မပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား ထွက်လာပြီးချိန်မှာ ယနေ့ မန္တလေးမြို့မှာ ဥပဒေဘောင်အတွင်း ဝင်ရောက်တဲ့ လူငယ်တွေက ပထမဆုံးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သိရှိပြီး ဒီတော်လှန်ရေးဟာ မဟုတ်တော့ဘူး ဆိုတာကို သိမြင်နားလည်လာကြတဲ့အတွက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြခြင်းပဲ ဖြစ်ပါတယ်။ PDF အဖွဲ့အတွင်းမှာ ကျန်ရှိနေကြသော လူငယ်များအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံပြီး အခုလို အကြမ်းဖက်လမ်းစဉ်နောက် လိုက်ခဲ့မိကြတာဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားကို အလေးထားပြီး ဥပဒေဘောင်အတွင်း အမြန်ဆုံး ဝင်ရောက်ကြဖို့ နှိုးဆော်ချင်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်ဝါဒ (သို့) အကြမ်းဖက်လမ်းစဉ်ပေါ်မှာ ဆက်လက်လျှောက်လှမ်း နေကြအုံးမယ်ဆိုရင်တော့ဖြင့် ပြည်သူ့လုံခြုံရေးအတွက် မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရတဲ့အခါ အသက်ခန္ဓာ ဆုံးရှုံးရတဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့ကြရအုံးမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)