ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


MNP ၊ ဇူလိုင်  ၁၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား  မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကော်ပို ရေးရှင်း Rostec မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယီကာကျီရင်ဘတ်မြို့သို့ ရောက်ရှိနေစဉ်အတွင်း (၁၃) ကြိမ်မြောက် စက်မှုကုန်စည် ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ခင်းကျင်းပြသထားသည့် စက်မှုထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ Sustainable Manufacturing Strategies of Renewal ခေါင်းစဉ်ဖြင့် ဆွေးနွေးသော Panel Discussion သို့ တက်ရောက်၍  Building Economic Relations and Protecting your Own Manufacturer နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ Sverdlovsk Region Governor မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး Mr. Denis Manturov ၊ နိုင်ငံတကာမှ ဝန်ကြီးများ၊ သံတမန်များနှင့်အတူ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာဒဲနစ် မန်ဒူးရော့ဖ် ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြား တွေ့ဆုံခြင်း၊ ယီကာကျီရင်ဘတ်မြို့ရှိ Ural State Mining University ၏ ဘူမိဗေဒပြခန်း၊ Museum complex of military and civil equipment of the Ural Mining and Metallurgical Company နှင့် Stone-crafting House by Alexey Antonov ကျောက်ဆစ် အနုပညာပြခန်းတို့ကို ကြည့်ရှုလေ့လာခြင်း၊ စဗျဲလော့်ဗ်စ်ခ် ဒေသ၏ နိုင်ငံတကာစီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ ဗျဲချီးစ်လာ့ဖ်ယာရင် ဦးဆောင်သော ဒေသအစိုးရအဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သံ၊ သံမဏိ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးကိစ္စရပ်များ၊ သံသတ္တုရိုင်းများ ရှာဖွေတူးဖော်ရေးကိစ္စရပ်များ၊ MSME များ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)