MNP ၊ ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အခြေခံပညာကျောင်းများတွင် ယမန်နေ့ ၈း၃၀နာရီက (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ အသီးသီးကျင်းပဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကို ယမန်နေ့ ကမာရွတ်မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး မူလတန်း၊အထက်တန်း၊ အလယ်တန်းပြိုင်ပွဲဝင်စုစုပေါင်း (၆၆)ဦး ၀င်ရောက် ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ထို့အပြင်(၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများဝင်ရောက်ယှဥ်ပြိုင်ကြကြောင်းသတင်း ရရှိပါသည်။
စိမ်းလဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment