ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု





MNP ၊   ဇူလိုင် ၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်း(ကြိုသက်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ အထက်တန်းကျောင်း(ကြိုသက်)တွင် RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပင်းတယမြို့ ပုန်းတလုတ်ကန်အတွင်း ရေဝင် ရောက်ရာ နေရာ၌ နုန်းစုကန်ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပင်းတယ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းနှင့် ပုန်းတလုတ်ကန်အတွင်း ရေဝင်ရောက်မည့်နေရာ၌ နုန်းစုကန် ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုရာ ပုန်းတလုတ်ကန် အတွင်း ရေဝင်ရောက်မည့် နေရာတွင် ရေမြောင်းနှင့် နုန်းစုကန်တို့ကို ကျောက်စီခြင်းလုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ် က ဖြည့်စွက်မှာကြားခဲ့သည်။


ထို့နောက် ပုန်းတလုတ်ရေကန် ရေဝေရေလဲဧရိယာအတွင်းရှိ သစ်ပင်စိုက်ပျိုးမည့်ကျေးရွာများသို့ ပျိုးပင် ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တက်ရောက်အမှာစကား ပြောကြားရာ ပုန်းတလုတ်ကန် ရေဝေရေလဲဧရိယာအတွင်း သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ရေကန်အတွင်း သို့ စီးဝင်သောချောင်း၊ မြောင်းများနှင့် ရေဝေရေလဲဂေဟစနစ်ကို ထိန်းညှိပေးခြင်း၊ ကမ်းပါးပြိုများ ထိန်းသိမ်းနိုင်ခြင်း၊ ရာသီဥတု ညီညွတ်မျှတစေခြင်း၊ အေးမြသော အရိပ်အာဝါသနှင့် မျက်စိပသာဒ ဖြစ်ခြင်း၊ လူသားတို့အတွက် အထောက်အပံ့ကောင်းများရရှိစေခြင်း၊ ရေဝေရေလဲဒေသများ ထိန်းသိမ်း ခြင်းများ စသည့်အကျိုးကျေးဇူးများ ရရှိစေသောကြောင့် နှစ်စဉ်သစ်ပင်များ စိုက်ပျိုးပေးရန် လိုအပ်ပါ ကြောင်း၊ ယနေ့အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ပုန်းတလုတ်ကန် ရေဝေရေလဲဧရိယာအတွင်းရှိ ကျေးရွာ(၉)ရွာသို့ ပျိုးပင်(၂၇၀၀ဝ)ပင် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကျေးရွာ(၉)ရွာအား ပျိုးပင်များပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပုန်းတလုတ်ရေကန် ရေဝေရေလဲဧရိယာအတွင်း စိုက်ပျိုးမည့်သစ်ပင်များမှာ မျောက်ငိုပင်၊ ခါတော်မီ၊ ရေသင်းဝင်၊ ယင်းမာ၊ မယ်ဇလီ၊ ပန်းတမာ၊ ကုက္ကိုပင် စုစုပေါင်း(၂၇၀၀၀)ပင် စိုက်ပျိုး ပေးကြမည်ဖြစ်ကြောင်း  သိရသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို လှည့်လည် ကြည့်ရှုအားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ပြီး ဆေးရုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ဆေးရုံအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ပင်းတယဆေးရုံအုပ်ကြီးမှ လက်ခံရယူကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့၊ တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွှေတက်လမ်းအစုအဖွဲ့ (အာလူး) အအေးခန်း စက်ရုံ (ကျုံး) ဖွင့်ပွဲသို့ တက်ရောက်၍ အာလူးအအေးခန်း စက်ရုံ(ကျုံး)အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရွှေတက်လမ်းအစုအဖွဲ့(အာလူး) တာဝန်ရှိသူ တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရွှေတက်လမ်းအစုအဖွဲ့ (အာလူး) အအေးခန်းစက်ရုံ(ကျုံး) ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ကိုအောင်စိုးထိုက်မှ ရှင်းလင်း၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားပြီး ရွှေတက်လမ်းအစုအဖွဲ့ (အာလူး) အအေးခန်းစက်ရုံအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost





No comments:

Post a Comment