ရသေ့တောင် မြို့၌ မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌ မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ





MNP ၊   ဇူလိုင် ၆

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အရှေ့တောင်ရပ်ကွက်၊မြို့မစျေးလမ်းတွင် ယနေ့၊ ညနေ(၃)နာရီက စားအုံးဆီများ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိသည်။  


ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးသန်းဝင်း ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရသေ့တောင်မြို့နယ်တာဝန်ခံဦးထွန်းမြ နှင့်တာဝန်ရှိသူတို့က စားအုံးဆီများကိုပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် စားအုံးဆီပိဿာ ၅၅၀ ပိဿာကို လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက်မြို့ပေါ်ရပ်ကွက်အသီးသီးသို့ ၃၀.၆.၂၀၂၃ ရက်နေ့မှစတင်ရောင်းချပေးလျက်ရှိရာ ယနေ့ထိ ပိဿာ ၂၇၅၀ ပိဿကိုရောင်းချပေးခဲ့ကြောင်း တာဝန်ရှိသူထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment