ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော တပ်မတော်အရာရှိကြီးဗိုလ်ချုပ် အောင်မျိုးထွန်း၊ တာ၀န်ရှိသူများနှင့်အတူ သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော တပ်မတော်အရာရှိကြီးဗိုလ်ချုပ် အောင်မျိုးထွန်း၊ တာ၀န်ရှိသူများနှင့်အတူ သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး





MNP ၊   ဇူလိုင် ၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော တပ်မတော်အရာရှိကြီးဗိုလ်ချုပ် အောင်မျိုးထွန်း၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနိုင်လင်းထက် သည်တာ၀န်တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းက အရှေ့မြောက်ဓမ္မာရုံကြီးတွင် သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးဆေးအဖွဲ့မှ ဆရာဝန် များက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ အား ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကာ လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား တာဝန်ရှိသူများက အားပေးစကားပြောကြားသည်။


 အဆိုပါ သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဒေသ ခံပြည်သူ( ၂၀၀) ဦးခန့် လာရောက်ဆေးကုသမှုခံယူကြပြီး   ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။ 

ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော တပ်မတော်အရာရှိကြီးဗိုလ်ချုပ်အောင်မျိုးထွန်း၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိ သူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော အမိုးလန်ပျက်စီးခဲ့သော အရှေ့မြောက်ဓမ္မရုံကြီးအတွက် သွပ်အချပ်(၅၀)အားလှူဒါန်းခဲ့ကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment