လယ်ဝေးမြို့၊ အ.ထ.က (သာဝတ္ထိ)တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့၊ အ.ထ.က (သာဝတ္ထိ)တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ


MNP ၊   ဇူလိုင် ၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိအခြေခံပညာအထက်တန်း​ကျာင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါ (Outbreak) မဖြစ်ပွားစေရေး  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း( မြန်မာ) နေပြည်တော်အသင်းခွဲဥက္ကဋ္ဌ ဦးဇော်အောင်က  မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာဟောပြောပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးကျော်လင်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) နေပြည်တော်အသင်းခွဲမှ ဦးတင်ငွေက မူးယစ်ဆေးဝါးအစ ဆေးလိပ်နှင့် ကွမ်းယာက အကြောင်းတို့ကိုလည်း​ကောင်းအသိပညာပေးဟောပြောသည်။


ထို့နောက် လယ်ဝေးမြို့နယ် သူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မူး ဦးရဲအောင်က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအကြောင်း ရှင်းလင်းပြောကြားပြီး သာဝတ္ထိအ.ထ.ကကျောင်းကြက်ခြေနီအသင်းငယ်သို့ လယ်ဝေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဆေးအိတ်လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment