ဂွမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်






MNP ၊ ဇူလိုင် ၂၇      

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၏  ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းများ၌ ပြုလုပ်ခဲ့ကြသည်။


မြို့ရွာသန့်ရှင်းသာယာလှပစေရေးအတွက်  မြို့သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြို့ ပေါ်ရပ်ကွက်များရှိ မင်းတောင်ဘုန်းတော်ကြီးကျောင်း၊ သဒ္ဓဓမဒနီဘုန်းတော်ကြီးကျောင်း၊ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း၊ နန္ဒရံသီဘုန်းတော်ကြီးကျောင်း၊ ဓမ္မမာလာဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာများတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ရွှေရည် ဝင်းကျော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)