အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၌ (နဝမအကြိမ်)အိမ်ရာနှင့် တိုက်/ခန်းသော့များ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၌ (နဝမအကြိမ်)အိမ်ရာနှင့် တိုက်/ခန်းသော့များ လွှဲပြောင်းပေးအပ်


MNP ၊ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာတွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား နဝမအကြိမ် အိမ်ရာနေရာချထားပေးခြင်းနှင့် တိုက်/ခန်းသော့များ လွှဲပြောင်းပေးအပ်ခြင်း ကို ယနေ့နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာတွင် နေထိုင်ကြမည့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် အခန်းသော့များ လွှဲပြောင်းပေးအပ်သည်။

ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ဆီ၊ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်ကာ အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်  မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)