လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ မိုခါမုန်တိုင်းဘေးသင့် ပြည်သူများထံသို့ လှူဒါန်းသည့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အခမ်းအနား ကျင်းပခဲ့သည်။


ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲတွင် မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့် အလှူရှင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ အခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခိုင်မင်းကို က ဂုဏ်ပြုမှတ်တမ်းလွှာများကို အလှူရှင်(၁၅)ဦးသို့ အသီးသီးပေးအပ်လျက်ရှိပြီး စည်ပင်သာယာရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်းနိုင်မှ ဌာနဆိုင်ရာများကိုယ်စား အလှူရှင်များ ကို ကျေးဇူးတင်စကားပြောကြားသည်။


လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အလှူရှင်များမှ မိုခါမုန်တိုင်းဘေးသင့် ပြည်သူများထံသို့ လှူဒါန်းသည့် စုစုပေါင်းအလှူငွေကျပ် ခုနှစ်ဆယ့်ကိုးသိန်းငါးသောင်းကျပ်တိတိ (၇၉၅၀၀၀ဝိ/_)ကျပ်ကို လှူဒါန်းထားကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ၀န်ထမ်းများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဇုန်(၁)၊ (၂) ၊ (၃)၊ (၄) ၊ (၆)၊ (၇) တို့မှ အဖွဲ့၀င်များ၊ ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ အဖွဲ့၀င်များ၊ အစ္စလာမ်ဘာသာ အကျိုးဆောင်အဖွဲ့၀င်တို့မှ လှူဒါန်းသည့်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပလျက်ရှိကြောင်း သိရသည်။


 ခင်၀င်းမူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)