MNP ၊ ဇူလိုင် ၁၂
မနေ့က နံနက် ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ကလေး-မုံရွာခရီးစဉ် ခရီးသည်မော်တော်ယာဉ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော မေယုဇာ သည် PDF အကြမ်းဖက်အဖွဲ့ဝင် ပဒက်မ ၁ ကောင်ဖြစ်ကြောင်း ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း သက်သေအထောက်အထားများ နှင့်အတူ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ပြည်ပြေး ဝရမ်းပြေးတို့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော ပဒက် အထီး ခွေးဝဲစားများကိုသာမက ပဒက်မများကိုလည်း စိစစ်ထိန်းသိမ်းလျက်ရှိသည်ကို တွေ့ရသည်။
#MyanmarNationalPost


No comments:
Post a Comment