ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆို







MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူး နေရာများ အတွက် အရည်အချင်းစစ် စာမေးပွဲကို ယနေ့ နံနက်၉ နာရီအချိန် သတ် မှတ် ထားသော စာစစ်ဌာန ၂ တွင် စစ် ဆေး ဆောင်ရွက်ခဲ့သည်။


အဆိုပါစာမေးပွဲကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်သူများအား မောင်တောခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းနှင့်ရုံး များတွင် လစ်လပ် လျှက်ရှိသည့် အငယ်တန်းစာရေး ၊ ရုံးအကူ ၊  သန့်ရှင်းရေးအကူ ၊ အစောင့် ၊ လုပ်သား (ရေ၊မီး) ရာထူးနေရာ များအတွက် ရေးဖြေစာမေးပွဲကို  နံနက် ၉ နာရီမှ စတင်ကာ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ  လာ ရောက် လျှောက်ထားဖြေဆိုသူများအနေဖြင့် အင်္ဂလိပ်စာ ၊ မြန်မာစာ နှင့်အထွေထွေဗဟုသုတများကို ဖြေဆို လျက်ရှိပြီး ခရိုင်/ မြို့နယ်ပညာရေးမှူး များ ၊ ကြီးကြပ်ရေးမှူးများ ၊ ဆရာ၊ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ 


အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရုံးအကူရာထူး ဖြေဆိုရန် စာရင်းရှိ  ၄၉၃ ဦးရှိရာ လာရောက်ဖြေဆိုသူ ၄၅၁ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၄၂ ဦးရှိကြောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း အငယ်တန်း စာရေး၊ သန့်ရှင်းရေးအကူ ၊ အစောင့် ၊ လုပ်သား(ရေ၊မီး)ရာထူးနေရာများအတွက် ဖြေဆိုရန် စာရင်းရှိ  ၂၆၈ ဦးရှိရာ လာ ရောက် ဖြေဆိုသူ ၂၃၈ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၃၀ ဦးရှိကြောင်းသိရသည်။ 


ရေးဖြေစာမေးပွဲဖြေဆိုပြီး သူများ အနေ ဖြင့် နုတ်ဖြေစာမေးပွဲလာရောက် ဖြေဆိုရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း) ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင် လက်မှတ် (မူရင်း) ၊ ဘွဲ့ရလက်မှတ်(မူရင်း) ၊ အလုပ်သမား မှတ်ပုံတင် ကတ်ပြား(မူရင်း) ၊ အဋ္ဌမတန်း အောင် ကြောင်း ထောက်ခံစာ (မိတ္တူ) တို့အား တစ်ပါတည်း ယူ ဆောင်လာ ရမည့်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)