ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ် ရပ်ကွက်များနှင့်စာသင်ကျောင်းများတွင်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ် ရပ်ကွက်များနှင့်စာသင်ကျောင်းများတွင်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း




MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင် မြို့နယ်ကျန်းမာရေးဌာန နှင့် ဌာနဆိုင်ရာ အဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ဌာနဆိုင်ရာရုံးများ၊စာသင်ကျောင်းများတွင်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ကြသည်။


မြို့နယ်ကျန်းမာရေးဌာနမှ မိုးရာသီအဖြစ်များသောသွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက မြို့နယ်စီမံကိန်းရုံးနှင့်ဝန်ထမ်းအိမ်ရာ၊အမက(၁)၊ အမက(၃)ပုဗ္ဗာရုံဘုန်းကြီးကျောင်းနှင့် ယာယီကယ်ဆယ်ရေးစခန်း၊ ဦးကျော်ဝင်းဘော်ဒါဆောင်၊အထက(၁)နှင့်ပညာရေးမှူးရုံး၊လဝကရုံးနှင့်ဝန်ထမ်းအိမ်ရာ၊မိခင်ကလေးနှင့်ဝန်ထမ်းအိမ်ရာတို့တွင် အဖွဲများခွဲ၍ ဆေးပက်ဖြန်းခြင်းကိုဆောင်ရွက်ကြသည်။


 ထိုသို့ဆောင်ရွက်ရာသို့ ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များကကျန်းမာရေးဝန် ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်းများပါဝင်သည့် အဖွဲ့သည် ရသေ့တောင် မြို့နယ်အတွင်း စာသင်ကျောင်းရှိ စာသင်ခန်း များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့်သက်ကြီးခြင်ကောင် နှိမ်နင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကန်၊ အုတ်ကန် များတွင် ပိုးလောက်လန်းသေဆေး (အဘိတ်) ခတ်ခြင်းနှင့် ဆရာ၊ ဆရာမများအား ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်နေမှုများအားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)