တောင်ကုတ်မြို့နယ်၌ ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ




MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စေရေး ၊ ဂျပန်ဦးနှောက်အမှေးရောင်ရောင်ရောကြိုတင်ကာကွယ်ရေး ၊ ရာသီတုပ်ကွေး‌ရောဂါဖြစ်ပွားမှုမရှိစေရေးတို့အတွက် ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ကို ယနေ့နံနက်(၈)နာရီအချိန်ချောင်းကောက်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါ နှင့် ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် ပိုးလောက်လန်းများနှင့် ခြင် များအလွယ်တကူပေါက်ပွားနိုင်သည့် ရေအိုင်ရေစပ်များ ၊ ရေတွင်းရေကန်များ ၊ ကြာရှည်သိုလှောင်ထိန်းသိမ်း ထားနိုင်သည့် ရေပုံးများကို အဘိတ်ဆေးခတ်ခြင်း ၊ဘုရားပန်းအိုးများရေလဲလှယ်ရန်အသိပညာပေးခြင်းနှင့် ဖုံး သွန် လဲ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးကြီးကြပ်မှုကော်မတီ မှ အဖွဲ့(၃)ဖွဲ့ခွဲကာ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။


အဆိုပါ စုပေါင်းဆောင်ရွက်ရာသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးနှင့်အဖွဲ့ဝင်များပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)