မာန်အောင်မြို့တွင်ဌာနဆိုင်ရာဝန်ထမ်းများမဟာထီးဘုရား ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင်ဌာနဆိုင်ရာဝန်ထမ်းများမဟာထီးဘုရား ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်






MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ မဟာထီးဘုရား ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီကပြုလုပ်ခဲ့ကြသည်။


    အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြို့မရပ်ကွက်ရှိ မဟာထီးဘုရားတွင် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်သူများ စိတ်ချမ်းမြေ့စွာ ဥပုသ်သီလဆောက်တည်နိုင်စေရန် ဘုရားပရဝုဏ်အတွင်းရှိ  ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်သရိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီးမြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာများတွင်စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)